(၂၂) Unicode

166 28 0
                                    

ဒီကနေ့မနက်ခင်းမှာ နေရောင်ဖျဖျ ပက်ကျဲထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းရှင်းကြည်လင်နေ၏။ သို့သော် ကျွန်တော့် စိတ်ထဲမှာတော့ နောက်ထေးလျက်။

မနေ့က မြင်းခုံးတောင်တက်ရသည့်နေ့မှာ တစ်နေကုန် ရွှင်မြူးပျော်ပါးခဲ့ရပေမယ့်လည်း အဆောင်ပြန်ရောက်တော့ မထင်မှတ်၊ မတွေ့ကြုံချင်ပဲ တွေ့ကြုံခဲ့ရသည့် မိသားစုဟောင်းတွေကြောင့် စိတ်ညစ်စရာဖြစ်ခဲ့ရသည်။

ဒီကနေ့ မိုးလင်းတော့ ကုတင်အောက်က အိတ်ဟောင်းကို ပြန်ထုတ်။ ပစ္စည်းတွေ စုထည့်။ တစ်ကိုယ်စာ အရေးကြီးတာတွေပဲ ထည့်ဖို့တော့ ဆုံးဖြတ်ထားပါသည်။ တချို့ပစ္စည်းတွေလည်း ဒီမှာ ထားခဲ့ပါအုန်းမည်။ ရန်ကုန်မှာတော့ ကိစ္စတွေ အပြတ်ရှင်းနိုင်ဖို့ ကြိုးစားပါမည်လေ။ စီစဉ်ပြီးသည့် လက်ထပ်ပွဲကို ပျက်သွားအောင် မည်သို့ ကြိုးစားရပါ့။ ပြီးတော့ အမေ့အကြွေးတွေကိုလည်း မည်သို့ ဖွေရှာဆပ်ရမည်နည်း။ အကြွေးကျေမှ ပွဲဖျက်လို့ ရမည်လို့လည်း ထင်သည်။

မေရွှန်းတို့က စာချုပ်စာတမ်းနဲ့ကို အကွက်ကျကျ ချေးငှားခဲ့တာဆိုတော့ အကြွေး မဆပ်နိုင်ပဲ လက်ထက်ပွဲပျက်ခဲ့လျှင် ကျွန်တော်တို့ အိမ်စာချုပ်တွေလည်း သူတို့သိမ်းနိုင်သည်။ ကျွန်တော်တို့ မိသားစု နာမည်ပျက်အောင်လည်း တရားဝင် ကြေငြာနိုင်သည်။ မည်ကဲ့သို့ ဖြေရှင်းရပါအံ့နည်း ...

အတွေးများများနှင့်ပင် အနည်းငယ်သော ကိုယ့်တစ်ကိုယ်တော် ပစ္စည်းတွေကို သိမ်းဆည်းလိုက်ရာ တစ်မနက်လုံး ကုန်ဆုံးသွားခဲ့သည်။ ရထားက နေ့လည် ၁နာရီမှ စီးရမှာဆိုတော့ နေ့လယ်စာစားဖို့ အချိန်ရှိပါသေး၏။ သို့သော်လည်း ဗိုက်ထဲ အစာထည့်ဖို့တောင် ဆန္ဒမရှိ။ ကိုယ့်သဘောမပါသည့် ခရီးတစ်ခုကို ထွက်ရမှာမို့ စိတ်ထဲ ထိုင်းမှိုင်းနွမ်းလျချင်နေမိသည်။ နောက်ဆုံး ကိုယ်နှင့်ယူသွားသင့်သည့် ပစ္စည်းတွေများ ကျန်အုန်းမလားလို့ စားပွဲပေါ် စာအုပ်ပုံတွေကြား လှန်လှောကြည့်တော့ ဖုန်အလိမ်းလိမ်းတက်နေသော သားရေသားအဖုံးနှင့် စာအုပ်တစ်အုပ် ထွက်လာသည်။ အဖုံးကို လှန်ကြည့်လိုက်တော့ ...

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now