☀စေတန်ရဲ့သတို့သမီး☀
အပိုင်း(၁)
~~"ကိုကို..အသင်...ကြောက်တယ်....
အသင်...ခွဲစိတ်ခန်းထဲမဝင်ချင်ဘူး...""ဘာမှကြောက်စရာမလိုပါဘူး...အသင်ရဲ့
ညီမလေးနားမှာ...ကိုကိုတစ်ယောက်လုံး
ရှိတယ်လေ...."ဆေးရုံကုတင်ပေါ်မှာ...ဖြူဖျော့နေသည့်
မျက်နှာ..နွမ်းလျနေတဲ့အသံလေးနှင့်...
ပြောလိုက်တဲ့...၁၃နှစ်အရွယ်ကလေးမလေး
အင်္သချေ...သူမရဲ့အရှေ့မှာ...သူမရဲ့
လက်ဖဝါးလေးတစ်ဖက်ကိုဆုပ်ကိုင်ထားပြီး
အားပေးတဲ့အပြုံးလေးနဲ့ရှိနေတဲ့....
၁၆နှစ်အရွယ်ကောင်လေး....ချမ်း.....။
"ကိုကိုသိလား...အသင့်ရဲ့မေမေတုန်းကလည်း
အဲ့လိုပဲခွဲစိတ်ခန်းထဲဝင်သွားပြီး....ပြန်မနိုး
လာတော့ဘူး...အသင်နဲ့ဖေဖေ့ကိုထားခဲ့တာ
အခုလဲလေ..အသင်ပြန်မနိုးလာမှာကို...
ကြောက်တယ်...အသင်...အဘွားနဲ့ကိုကို့ကို
မခွဲနိုင်ဘူး...."အသင်မျက်ရည်လေးဝဲကာ..ပြောတော့..
ကိုကိုက...အသင့်ရဲ့မျက်ရည်စလေးတွေကို
ကြင်နာစွာသုတ်ပေးသည်။"အသင်မေ့နေပြီလား...ကိုကိုတို့အခုရှိနေတဲ့
နေရာက...ဂျပန်ပြည်က...နာမည်ကြီး
ဆေးရုံကြီးလေ...ဒီကဆရာဝန်တွေက
အရမ်းတော်တာ..အသင့်ရဲ့ခွဲစိတ်မူ့
အောင်မြင်မှာ...ကိုကို့ကိုယုံနော်..."အသင်က...မျက်ရည်တွေကြားက
ခေါင်းငြိမ့်တော့..ချမ်း...သူမလေးကို
ထွေးပွေ့ထားလိုက်သည်။"ကိုကို...အဲ့ဒီအလှူရှင်တွေကအရမ်း
သဘောကောင်းတာပဲနော်..အသင့်ကို
ငွေတွေအများကြီး...အကုန်ခံပြီး.နိုင်ငံခြား
အထိဆေးလာကုခိုင်းတယ်...သူတို့က
ဘယ်သူတွေလဲ...ကိုကိုသိလားဟင်..."အသင့်အမေးကြောင့်..ချမ်းအသံခဏ
တိတ်သွားသည်။ပြီးမှ...အသင့်ရဲ့ဆံပင်
လေးတွေကိုသပ်တင်ပေးလိုက်ရင်း......။"ကိုကိုလည်း..ဘယ်သိမလဲ...သူတို့ကဂေဟာ
ကနေတစ်ဆင့်ဆက်သွယ်လာတာလေ...
ဘာပဲပြောပြော...ကိုကို့ညီမလေးနေပြန်
ကောင်းလာတော့မှာမို့...ကိုကိုကတော့
အရမ်းဝမ်းသာတယ်...အသင်နေကောင်း
သွားတဲ့အခါ..ကိုကိုတို့...တိုကျိုမြို့ထဲမှာ
လျောက်လည်ကြမယ်...အသင်ပဲပြောတယ်
မဟုတ်လား...ပန်းတွေကြည့်ချင်တယ်ဆို.."
YOU ARE READING
စေတန်ရဲ့သတို့သမီး
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...