part.11(unicode&zawgyi)

3.3K 139 4
                                    

💞​စေတန်​ရဲ့သတို့သမီး💞

        အပိုင်း(၁၁)
        💞💞💞💞

အနီ​ရောင်​ပြိုင်​ကားလှလှ​လေးကို..ဂျာနယ်​တိုက်​
အ​ဆောက်​အဦးရဲ့ကား​ပါကင်​ထဲသို့..အသင်​ကျွမ်းကျင်​
စွာပါကင်​ထိုးလိုက်​သည်​။တစ်​ခါတ​လေ..အလုပ်​
ကိစ္စအ​ရေးကြီးရင်​..ဂျာနယ်​တိုက်​ကကားကိုယူသုံး
ရတာမို့..အသင်​ကားကိုကျွမ်းကျွမ်းကျင်​ကျင်​
​မောင်းတတ်​သလို..လိုင်​စင်​လဲရှိသည်​​လေ...။

"ဟိုက်​​ဘော့စ်​.. တစ်​​ယောက်​လုံးနဲ့တွဲ​နေ​တော့လဲ
​နောက်​ဆုံး​ပေါ်ကားနဲ့​တောင်​..အလုပ်​ကိုလာနိုင်​တယ်​​ပေါ့"

ခနဲ့တဲ့တဲ့အသံ​ကြောင့်..အသက်​​ခြေလှမ်း​တွေ
ရပ်​သွားရသည်​။လှည့်မကြည့်​ပေမဲ့..​ရွှေရုပ်​လွှာ
မှန်းသိပြီးသား...၊

"နင်​...အရှက်​မရှိတာ..​တော်​ရုံတန်​ရုံမဟုတ်​ဘူး​နော်​
အင်္သ​ချေ..."

​ဒေါက်​ဖိနပ်​သံတခွပ်​ခွပ်​နှင့်အတူ..သူမကအသင့်
​ရှေ့ကို​ရောက်​လာပြီး​ပြောသည်​။

"ဘာလဲ..ငါ့ကိုဘာ​တွေဇယားလာကပ်​​နေ​တာလဲ..
ဖယ်​.."

"ငါနင်​နဲ့အတူတူ...အလုပ်​လုပ်​​နေရတာကိုတစ်​ကယ်​
ရှက်​တယ်​..."

"အဲ့ဒါ​ဆိုလဲနင်​အလုပ်​ထွက်​လိုက်​​ပေါ့..."

"ထွက်​ချင်းထွက်​နင်​ထွက်​ရမှာ..."

​ရွှေရုပ်​လွှာက..​ဒေါသ​တွေကိုထိန်းချုပ်​ထားရသလို
အဲကြိတ်​သံနှင့်​ပြောလာပုံကအထက်​စီးဖြင့်....။

"ဘယ်​လိုနည်းလမ်း​တွေများသုံးပြီး..​နေကုဋာကို
အချိန်​တိုအတွင်းမှာနင်​စည်းရုံးလိုက်​တာလဲဆိုတာ
ငါတစ်​ကယ်​နားမလည်​​တော့ဘူး..ဘာလဲ..နင်​
သူ့ရဲ့ကုတင်​​ပေါ်အထိ​ရောက်​ပြီးသွားပြီမဟုတ်​လား"

"ဘာ..."

​စော်​ကားလွန်း​နေ​သောစကား​ကြောင့်..မခံချင်​မာန
တို့ကပွက်​ပွက်​ဆူလာသည်​။စိတ်​ထိန်း..အသင်​..
ဒီ​နေရာမှာ​ဒေါသထွက်​ရင်​..အရူံးပဲဟု..ကိုယ့်ကိုကိုယ်​
သတိ​ပေးလိုက်​ရင်း...၊

စေတန်ရဲ့သတို့သမီးWhere stories live. Discover now