part.2(unicode)

4.1K 147 2
                                    

💞​စေတန်​ရဲ့သတို့သမီး💞 ( unicode )

အပိုင်း(၂)
~~~~~~~~~

"အဖြူ​ရောင်​စံအိမ်​...."

​နေ​ပြောက်​ပင်​မထိုးနိုင်​အောင်​စိုက်​ပျိုးထားတဲ့
သက်​ရင့်​ပင်​များနှင့်​..စိမ်းစိုလှပ​သော
သဘာဝအလှတရား​တွေကြား...ခမ်းနား
လှပစွာတည်​ရှိ​နေ​သောစံအိမ်​ကြီး...။

"ကျွီ..."

ထိုစံအိမ်​ကြီးရဲ့​မြေ​အောက်​ကားပါကင်​ထဲသို့
အနက်​ရောင်​ပြိုင်​ကား​လေးကထိုးစိုက်​
သွား၏။

​နေ..ကား​ပေါ်ကဆင်းလိုက်​သည်​။ပြီး​တော့
ကားပါကင်​ထဲက​မြောက်​မြားလှစွာ​သော
ကား​တွေကိုဖြတ်​ကျော်​လာကာ...
ဓာတ်​လှေကားထဲကိုဝင်​လာခဲ့သည်​။
​နေ့ရဲ့အခန်းရှိ​နေတဲ့..4လွှာကိုနှိပ်​လိုက်​ပြီး..
​လေ​လေးတချွန်​ချွန်​နှင့်​..​ဘောင်းဘီအိတ်​ထဲ
လက်​တစ်​ဖက်​ထည့်​ကာ...တက်​လာခဲ့ပြီး​နောက်​....၊

"ဝှစ်​..."

ဓာတ်​လှေကားပွင့်​သွားတာနှင့်​..မြင်​လိုက်​
ရတဲ့..အန်​ကယ်​ဂျိမ်း

"ပြန်​လာပါပြီလား...သခင်​လေး..."

"အန်​ကယ်​ဂျိမ်း ကျွန်​တော့်​ကို​စောင့်​နေတာလား"

​နေ..​မေးလိုက်​ရင်းဆက်​လျောက်​လာခဲ့​တော့
အန်​ကယ်​ဂျိမ်းကအ​နောက်​က​နေ..ပါလာ၏..

"ဖိတ်​ကြားလွှာရထားပါတယ်​သခင်​လေး.."

"ဘယ်​ကလဲ..."

"ONE လုပ်​ငန်းစုရဲ့..ဘန်​ကောက်​မှာ..
ကျင်းပမဲ့..ရတနာပြပွဲအတွက်​ပါ......
သူ​ဌေး...ဦး​ကျော်​မော်​ကိုယ်​တိုင်​.သခင်​လေး
ဆီကိုပို့လိုက်​ပါတယ်​...၄ရက်​နေ့ပါတဲ့
သခင်​လေးကို...အထူးဧည့်​သည်​တော်​..
အဖြစ်​ဖိတ်​ကြားထားတာပါ..."

,ONEလုပ်​ငန်းစုရဲ့သူ​ဌေးဦး​ကျော်​မော်​က..
​နေနဲ့..ပါတနာဖြစ်​ခွင့်​ရဖို့အသည်းအသန်​
ကြိုးစား​နေတဲ့...လုပ်​ငန်းရှင်​ကြီး​တွေထဲက
တစ်​ဦးဖြစ်​သည်​။

"သခင်​လေး..သွားမှာပါလား..."

"ကျွန်​တော်​သွားမယ်​...အန်​ကယ်​ပြင်​ဆင်​
ထားလိုက်​ပါ...ONEရဲ့ရတနာပြပွဲက
ဘယ်​လောက်​အဆင့်​ရှိလဲကြည့်​ရတာ​ပေါ့..
The Sunလုပ်​ငန်းစုနဲ့ပါတနာဖြစ်​ဖို့..
အရည်​အချင်းရှိမရှိကြည့်​ရမယ်​.."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now