part.3(unicode)

3.4K 136 10
                                    

💞​စေတန်​ရဲ့သတို့သမီး💞

         အပိုင်း(၃)
         💞💞💞

ဘယ်​လိုမှကို..ထင်​မှတ်​မထားတဲ့အဖြစ်​အပျက်​ကြောင့်​..
အသင်​..အထိတ်​တလန့်နှင့်​.မျက်​လုံး​တွေပြာ​ဝေ
သွားရသည်​။

"အွန်း...အွန်း..."

သူ့ရင်​ဘတ်​ကိုဘယ်​လိုပင်​ထုရိုက်​ရုန်းကန်​နေ​ပေမဲ့လဲ
မရ...နူတ်​ခမ်း​တွေကိုတင်းတင်း​စေ့ပိတ်​ဖို့ကြိုးစား
​ပေမဲ့လဲ..အရာမထင်​..မြင့်​မားတဲ့ရင်​ခွင်​ကျယ်​ကြီးထဲ
မှာ...အရုပ်​တရုပ်​လိုဖြစ်​နေရတဲ့..အသင်​....

"........."

ထူပြည့်​ပြည့်​...နူတ်​ခမ်းသား​နွေး​နွေး​လေး​တွေကို..
သူကတစ်​လွှာချင်း..ကြမ်းရှစွာနမ်းရိူက်​နေသည်​။
ကြာ​တော့..အသင်​..ဒူးပင်​မခိုင်​ချင်​တော့ပဲ​ပျော့​ခွေ
ကျချင်​လာရသည်​။သူက...အသင့်​နူတ်​ခမ်း​တွေကို..
စိ​တ်​ကြိုက်​အနမ်း​ခြွေပြီး...​အောက်​နူတ်​ခမ်းကို..
သွားနှင့်​ဖိကိုက်​ချလိုက်​သည်​။

"အ...."

မျက်​နှာချင်းခွာလိုက်​သော်​လဲ...သူကအသင့်​မျက်​နှာနား
မှာလက်​တစ်​ဖက်​ထောက်​ထားရင်း...ကို​ယ်​ကိုကိုင်းကာ
အသင့်​ကို..ငုံ့ကြည့်​သည်​။ပြီး​တော့...အထိတ်​တလန့်​
မျက်​နှာ​လေးနှင့်​..တဆတ်​ဆတ်​တုန်​နေတဲ့...
​သွေးစို့​နေတဲ့...နူတ်​ခမ်း​လေးကို..လက်​မနှင့်​..ဖွဖွတို့ထိ
လိုက်​ရင်း....

"ဘာလို့...အ​တွေ့အကြုံမရှိတဲ့ပုံစံမျိုးလုပ်​ပြ​နေတာလဲ...
စိတ်​ဝင်​စားစရာမ​ကောင်းဘူး...."

"ရှင်​...ရှင်​...ဘာ​တွေ​ပြော​နေတာလဲ..."

"မြန်​မာမိန်းက​လေးဖြစ်​ပြီး...သူများနိုင်​ငံမှာ..
ဒီလိုအလုပ်​လုပ်​စား​နေတာမရှက်​ဘူးလား..."

"ဘာ..."

သူ​ပြောတာ​တွေကို..အသင်​သေချာနားမလည်​သော်​လဲ
သူ့ရဲ့ရမ်းကားမူ့အတွက်​...တစ်​ခုခုတုံ့ပြန်​ရမည်​ဆိုတဲ့
အ​တွေးကဝင်​လာကာ...လက်​တစ်​ဖက်​က
​မြှောက်​တက်​သွားရင်း...

"ဖြန်း..."

ခနဲမြည်​သံနှင့်​အတူ...​နေ့ကဲမျက်​နှာ...တစ်​ဖက်​သို့
ဒီဂရီအနည်းငယ်​မျှ​စောင်းသွားရသည်​။​နေ...ပူခနဲ
ဖြစ်​သွားတဲ့ပါးတစ်​ဖက်​ကိုလက်​နှင့်​ထိကိုင်​ကာ
ပြုံးလိုက်​ရင်း...

စေတန်ရဲ့သတို့သမီးWhere stories live. Discover now