ငါ့တစ်ကိုယ်လုံးက ချွေးတွေဟာ စေးကပ်လာတယ်။ ငါထင်တယ် လက်ဖျားတွေဟာ အေးစက်နေပြီး ဝတ်ထားတဲ့ ချည်သားလက်ရှည်ကတစ်ဆင့်တောင် စိုစွတ်မှုကို ခံစားနေရသလိုပဲ။ တော်လောက်ပြီ Bible။ သုံးနှစ်အတိ အဆက်အသွယ်ဖြတ်ထားတောက်ထားခံရရာက ရောက်လာတဲ့ စာလေးတစ်စောင်ဟာ သူ့ကို ရောက်ရက်ခတ်စေတာလား။
ကော်ဖီတွေက အေးစက်လာတယ်။
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေတဲ့ အေးခဲ ကော်ဖီတွေ။ စာရွက်ခေါက်ကို မရွေ့တမ်း စိုက်ကြည့်မိတော့ သူ နှုတ်ခမ်းကို တွန့်ကွေးရုံ ပြုံးရယ်လိုက်မိတယ် ထင်တာပဲ။
ဒီလူဟာ အမြဲလှုပ်ခုန်စေတဲ့သူ။
ဒီကလေးတစ်ယောက်လို ညီညာဝိုင်းစက်တဲ့ လက်ရေးတွေကိုမြင်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို မြင်ယောင်လာမိတယ်။ဆယ်နှစ်တာ ကာလအတွင်း Build ဟာ မခန့်မှန်းနိုင်တဲ့ ပုံစံအမျိုးမျိုးပဲ။
တွက်ရခက်တဲ့ ပုစ္ဆာ။
ဆက်ရခက်တဲ့ Jigsaw.
သူဟာ အမြဲ Dandelion ပန်းကလေးနဲ့ တူတယ်။
အမြဲ လေနဲ့ လွင့်မျောပြီး နေတတ်တဲ့သူ။မတူတာ တစ်ခုက အကြိမ်ပေါင်းများစွာ သူ့ဆီကို အကြောင်းမကြားဘဲ ပြန်ပြန်လာတတ်တာ။
Build ထွက်သွားတာဟာ ဒီတစ်ခါ အကြာရှည်ဆုံးပဲ။ ဒီလို အကြောင်းကြားပြီးမှ ပြန်ရောက်လာတာလည်း ဒီတစ်ခါဟာ ပထမဆုံးပါပဲ။
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
နယ်မြို့လေးရဲ့ ရပ်ကွက်ငယ်လေးဟာ ကျဉ်းပါတယ်။ ထိုင်းနိုင်ငံရဲ့ မိသားစုပုံစံဟာလည်း သူ့အကြောင်း၊ ကိုယ့်အကြောင်း ကူးစက်ပျံ့နှံ့လွယ်တဲ့ အာရှလူနေမှုပုံစံပဲလေ။ အများသောအားဖြင့်ကတော့ ဒီမြို့မှာမွေး၊ ဒီမြို့မှာကြီး၊ ဒီမြို့ ဒေသခံတွေချည်းပါပဲ။ အားလုံးရဲ့ Hometown လို့ ပြောလို့ရတယ်။
ကျောင်းတွင်း အကြမ်းဖက်တယ်ဆိုတာ ဆင်းရဲသား လူဆိုးကောင်ကလေးတွေ
ဒါမှမဟုတ်ရင် မြို့မျက်နှာဖုံး ဒိတ်ဒိတ်ကျဲကလေးတွေ ဒါပဲပေါ့။ ဘယ်လိုလူတွေရဲ့ အကြမ်းဖက်မှုမှာဖြစ်စေ သားကောင်စာရင်းမှာ ဗြူ ဟာ ထိပ်ဆုံးကပါပဲ။ရုတ်တရက်ကြီး နှစ်တစ်ဝက်လောက်မှာ ကျောင်းပြောင်းလာတဲ့ ကလေး။
မျက်မှန်အဝိုင်းနဲ့ လူကောင်အနည်းငယ်သေးတဲ့ ကောင်လေး။
YOU ARE READING
My Dandelion (BibleBuild oneshot) Completed
FanfictionDandelion တစ်စစီ လွင့်ထွက်နေတဲ့ ပန်းကလေးတွေအကြောင်းလား? ဟင့်အင်း နွေဦးမှာ ပြန်လည်ရှင်သန်၊ ပြန်လည်မွေးဖွားပြီး ခွန်အားအပြည့်နဲ့ သန်မာလာမယ်ဆိုတဲ့ အခြားအဓိပ္ပာယ်အကြောင်းပါပဲ my Dandelion လေးရယ် အဲ့ဒီနွေဦးကိုရောက်ဖို့ ကိုယ် နှစ်ပေါင်းများစွာ စောင့်နိုင်...