Dandelion final

718 84 5
                                    

ကျနော့်ကိုယ်ပေါ်ကို စိုက်ဝင်နေတဲ့ လက်သည်းစူး ချွန်ချွန်မြမြကလေး...။

အရာအားလုံးကို အဆင်ပြေပြေ နေနေတယ်ထင်ရတဲ့သူဟာ အတွင်းပိုင်းမှာ ထိတ်လန့်ဖွယ်ရာ ပုံစံအမျိုးမျိုးပဲ။ အသိရခက်ခြင်းတွေဟာ အများကြီးပဲ။ သူ့အနားမှာ ရှိရုံနဲ့ ကျနော်ဟာ ပျော်နေရတယ်။ ဒါမှမဟုတ် သူ့ရဲ့ မသိရခြင်းတွေမှာ အရည်ပျော်ကျနေတာလား မပြောတတ်ဘူး။

သူ့အနားရှိတယ်ဆိုတာလည်း ကျနော့်စိတ်ကူး သက်သက်ရယ်ပါ။ စိတ်ကူးနဲ့ အမြဲနီးထားတဲ့ ကျနော့်အိမ်ကလေးဟာ ဗြူပါပဲ။

Build နဲ့ နီးချင်လို့ အတန်းတွေကို ရောက်ရတယ်။
မျက်တောင်ရှည်ရှည်လေးတွေနဲ့
သဘောကျလို့ ရယ်လိုက်တိုင်း မျက်လုံးအပေါ်ထိ တက်သွားတဲ့ eye smile လေးတွေ
အမြဲလို အဓိပ္ပာယ်ဖော်ရခက် ငေးရီနေတတ်တဲ့ မျက်ဝန်းတွေကလွဲရင် ဘာသင်ခန်းစာကိုမှ မသိလိုက်ပါဘူး။

ကျနော့် တစ်ဘဝလုံး သင်ယူရမယ့် သင်ခန်းစာလေးဟာ Build နဲ့တင် လုံလောက်ခဲ့ပြီ မဟုတ်လား။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

အကြိမ်ပေါင်းများစွာ
နေ့ပေါင်းများစွာ
ကျနော်တို့ နှစ်ယောက်တည်း ကမ္ဘာတစ်ခုလို အတူရှိနေရင်းပဲ လူတွေက စွပ်စွဲတယ်။
ဗြူဟာ ကဝေတဲ့။
အရှုံးသမားကနေ ချက်ချင်း လူတိုင်းငေးမောစရာ ဆယ့်နှစ်ကြိုးတွေနဲ့ ပတ်ပစ်နိုင်တာကလည်း သူပဲ။
ကျနော်က ဘယ်တုန်းကမှ ရုန်းထွက်ဖို့ မကြိုးစားချင်သူပဲလေ။

ဗြူရေ
ကိုယ့်နှလုံးသားကို ရစ်ပတ်ပါ။
ကိုယ့်တစ်ယောက်တည်းကို ချည်နှောင်ပါ။

ကိုယ်ဟာ ကြိုးတွေနဲ့ ပျော်ပါတယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ကျနော့်အနားမှာ သူ ပျော်တယ်။
အသားကျတယ်လို့ ထင်ရတဲ့ အချိန်တွေ။
Build ရဲ့ အစစ်အမှန်ပုံစံတွေဟာ အများကြီးပဲ။

လိုက်ရောညီထွေ ပြုံးရယ်နေတတ်တဲ့
ထီမထင် လုပ်ချင်ရာလုပ်တတ်တဲ့
လောကကြီးကို အစောင်းမြင်တတ်တဲ့
တောက်ပ လှည့်ဖျားတတ်တဲ့...Build

အဲ့တာတွေ ဘာတစ်ခုမှမဟုတ်တဲ့ ဒီအတိုင်း သူလိုကိုယ်လို Build ဟာ ကျနော်တစ်ယောက်တည်း ရှေ့မှာပဲ ရှိတတ်တဲ့ပုံပေါ့။

My Dandelion (BibleBuild oneshot) Completed Where stories live. Discover now