part.4(unicode)

3.5K 139 6
                                    

💞​စေတန်​ရဲ့သတို့သမီး💞

        အပိုင်း(၄)
       💞💞💞💞

"​မေး​နေတယ်​​လေ...ဘာလို့ပြန်​မ​ဖြေတာလဲ..."

​အော်​​ဟောက်​​မေး​နေတာမဟုတ်​​ပေမဲ့..​အေးစက်​
ပြတ်​သား​နေတဲ့သူ့အသံက...အသင့်ကို​ကျောချမ်း
​စေသည်​။

"ဟို...အသင်​...အသင်​က​လေ...အသင့်ရဲ့..ပစ္စည်း..
ကျန်​..ကျန်​ခဲ့လို့လာရှာတာပါ..."

သူ့လက်​ထဲက​သေနတ်​ကိုကြည့်ပြီး...စကား​တွေက
အထစ်​ထစ်​အ​ငေါ့​ငေါ့ဖြစ်​​နေရသည်​။သူက​တော့..
အသင့်ကိုစိုက်​ကြည့်​နေဆဲ....

"ငါတို့​ပြောတာ​တွေ...မင်းအကုန်​ကြားတယ်​မဟုတ်​လား"

"ရှင်​...ဟုတ်​...အဲ...မဟုတ်​...အမ​လေး..."

အ​​ယောင်​​ယောင်​အမှားမှား​နေစဉ်​...နားထင်​တည့်တည့်ကို
ချိန်​ရွယ်​လိုက်​တဲ့​သေနတ်​​ကြောင့်...လိပ်​ပြာလွင့်မတတ်​
​အော်​လိုက်​မိသည်​။

"ရှင်​...ရှင်​ကလူဆိုးလားဟင်​..."

"မင်း...ဘယ်​လိုထင်​လို့လဲ..."

"ရှင်​..လူ​ရော...သတ်​...သတ်​လား..."

"ငါလား...အလကား​နေရင်း​တော့မသတ်​ပါဘူး...
ဒါ​ပေမဲ့...ငါ့သွားမဲ့လမ်းမှာလာရူပ်​​​နေတဲ့လူ​တွေကို​တော့
ချမ်းသာမ​ပေးဘူး...ဥပမာမင်းလို​ပေါ့..."

"ရှင်​..."

အထိတ်​တလန့်နှင့်...သူမမျက်​လုံး​လေး​တွေဝိုင်းစက်​
သွားသည်​။ဆံပင်​​တွေကို​ပြောင်​ရှင်း​နေ​အောင်​
စုသိမ်းထားတာ...ခပ်​မြင့်မြင့်​လေးထုံးထား​တော့..
သူမမျက်​နှာလုံးလုံး​လေးကရှင်း​နေသည်​။နဂိုကထဲက
ဝိုင်းတဲ့မျက်​နက်​ဝန်း​လေး​တွေက...​ကြောက်​စိတ်​​ကြောင့်
ပိုပြီးဝိုင်းစက်​​နေသည်​။​နေ့ရဲ့လက်​ထဲက​သေနတ်​ကို...
ကြည့်ပြီး...သူမကတံ​ထွေး​တွေလဲခဏခဏမြိုချ​နေသည်​။

​နေ....​ကြောက်​စိတ်​လွန်​​နေသည့်သူမကိုကြည့်ပြီး..
ရယ်​ချင်​မိသွားရသည်​။ထို့​ကြောင့်...တမင်​​ခြောက်​လှန့်
ချင်​လို့...ချိန်​ထားတဲ့​​သေနတ်​ကို...​မောင်းတင်​လိုက်​​တော့.....။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now