Beginning

49 1 0
                                    

ကမ္ဘာတခွင်လုံး မြူမှုံများ အုံ့ဆိုင်းလျှက် ညို့မှိုင်းဝေဝါးနေခဲ့သည်မှာ ရက်သတ္တပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ပြောက်တိပြောက်ကျား တိုးဝင်လာတက်သည့် နေရောင်ခြည်တန်းလေးများမှ လွဲ၍ နေလုံးကြီးအား အထုအထည်လိုက် တောက်ပခန့်ညားစွာ မည်သူမျှ မတွေ့မြင်ကြရတော့ချေ။

နေ့အခါတွင် နေကို အဝါရောင်ဇာပုဝါနှင့် ဖုံးအုပ်ထားသကဲ့သို့ မြင်ကြရသည့်နည်းတူ၊ ညအခါ တွင်လည်း ရွှန်းရွှန်းစားစား ထွက်ပေါ်လာလေ့ရှိသည့် လမင်းကြီးအား အားကုန်တော့မည့် ဘက်ထရီမီးသီးပမာ ကြေးနီရောင် သဲ့သဲ့ဖြင့် မြင်တွေ့နေကြရတော့သည်။

စတေးရှင်း(Station)များမှ ဖမ်းယူရရှိသည့် ဖြာထွက်ရောင်ခြည်လှိုင်းများ၏ လှိုင်းအလျားသည် (7.3) စင်တီမီတာထက် ပို၍ ရှည်လာသည်ကို တိုင်းတာတွေ့ရှိနေရပြီး ၊ ၎င်းမှာ (Black Body) ဟူ ခေါ်သည့် အနက်ထည်ဝတ္ထုများ အပူချိန်ကျဆင်းလာသည့် အဓိပ္ပာယ်ကို ဆောင်နေသည်။

ကမ္ဘာကြီး၏ အပူချိန်သည် ယခုအချိန်တွင် ၂.၇ ကယ်လဗင်ထက် အတော်ပင် ကျဆင်းလာနေသဖြင့် ဖြစ်ပေါ်လာသည့် အအေးဒဏ်အား ကာကွယ်ရန် လုံးပမ်းရင်း လူအားလုံးသည် ဒက္ခရောက်လျှက် ‌ရှိနေကြသည်။

အလွန်အင်မတန် ထုထည်ကြီးမားသည့် အမှုန်တိမ်တိုက်ကြီး တစ်ခုသည် ဤကမ္ဘာမြေပါဝင်သည့် ကြည်စု၏တောင်ဝင်ရိုးစွန်းဆီသို့ ရောက်ရှိလာနေပြီ - ဟု သိပ္ပံသတင်းထောက် (Scientific Reporter) အမည်ရှိ သတင်းအေဂျင်‌စီမှ ကြေငြာသည်။

ဤသည်မှာ - လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပြိုပျက်ခဲ့သည့် ကြယ်များ၏ အကြွင်းအကျန်တွေ ဖြစ်နိုင်ပြီး ကြာသပတေးဂြိုလ် (Jupiter) ကဲ့သို့သော ကြယ်ညိုပုတို့၏ အကြွင်းအကျန် အမှုန်တိမ်တိုက်လည်း ဖြစ်ချင်ဖြစ်နိုင်သည် - ဟု သတင်းအေဂျင်စီမှ ဆက်လက်ဖော်ပြသည်။

အချို့အသံလွှင့်ဌာနများမှမှု - စကြာဝဠာအတွင်းရှိ ဓာတ်ငွေ့တိမ်တိုက် (Nebula)များသည် ကြယ်အသစ်များအား မွေးဖွားပေးနေပြီး၊ အဆိုပါဖြစ်စဉ်မှ ထွက်ပေါ်လာသည့် ဖြာထွက်မှု အသစ်များသည် ဓာတ်ငွေ့နှင့် အမှုန်တိမ်တိုက်များအား အဝေးသို့ လွှင့်ထုတ်ရာမှ အမှုန်ထုကြီးရောက်ရှိလာခြင်း ဖြစ်နိုင်သည် - ဟု နက္ခတ္ထနှင့် အမှုန် ရူပဗေဒပညာရှင်များ၏ ဝေဖန်ချက်များအား ကိုးကားလျှက် ထုတ်လွှင့်ကြသည်။

ထိုသို့မဟုတ်ပဲ ဤအချင်းအကြောင်းအရာများသည် လက်ရှိစကြာဝဠာကြီးထဲ၌ အလိုအလျောက်အချိုးညီမှု ကျိုးပျက်သွားခြင်း ကြောင့် ဖြစါသည်ဟု - ဆိုလျှင်ကား၊ ကျွန်ုပ်တို့နေထိုင်ရာ ဤကမ္ဘာကြီးအနေနှင့် ဆက်လက်တည်ရှိနေခြင်းငှာ မစွမ်းသာတော့ - ဟု လန်ဒန်ဘရင့်ကောလိပ်နှင့် မက်ဆာချူးဆက်စက်မှုတက္ကသိုလ်တို့က ဆိုသည်။

မည်သို့ဆိုစေ၊ မည်သည့်အရာများ ပါဝင်နေမှန်းမသိရသော ဤအမှုန်တိမ်တိုက်ကြီးတစ်ခု နေစကြာဝဠာအဝန်းအဝိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာမှုကြောင့် ၊ ကမ္ဘာတခွင်လုံး အပူချိန်နှင့် အလင်းရောင်များ ဆုံးရှုံးလှလျှက် ၊ရေခဲတုံးကြီး ဘဝသို့ ရောက်ရှိတော့မည့် အချိန်ကား တစ်စထက် တစ်စ နီးကပ်၍လာနေသည်မှာ အမှန်ပင် ဖြစ်ပေတော့သည်။

ဆက်ရန်...

You've reached the end of published parts.

⏰ Last updated: Jul 15, 2022 ⏰

Add this story to your Library to get notified about new parts!

UZukata -ဥဇုကတာWhere stories live. Discover now