Trace of you

446 40 10
                                    

မင်းလက်ကိုဆွဲထားရတာ မပင်ပန်းဘူးလို့ ​ပြောရင်လိမ်ရာကြမှာ​ပေါ့။ ငါအရမ်းပင်ပန်းနေပြီ။ ဒါ​ပေမဲ့​လေ ငါမင်းလက်ကို လွှတ်ချလိုက်ရမှာက ငါ့ကိုသေစေနိုင်တယ်ဆိုတာ မင်းသိလား။
မင်းငါ့ကိုကြည့်ပြီးပြုံးရယ်ပြတဲ့မင်းအပြုံး​လေး​တွေက ငါ့နွမ်းနယ်မှု​တွေကိုအ​ဝေးလွှင့်ပစ်နိုင်တယ်လို့ပြောရင် မင်းရယ်နေမလား။

ငါအ​ဝေးကို ထွက်​ပြေး ဖို့ ကြိုးစားတိုင်းမင်း​ရဲ့​Hyungလို့ခေါ်လိုက်တဲ့အသံက ငါ့ရဲ့နားစည်မှာပဲ့တင်ထပ်​နေခဲ့တယ်။
ငါမင်းကို ငါ့ရဲ့ဘဝငါရဲ့ မှတ်ဥာဏ်​တွေထဲက​ပျောက်ကွယ်သွားရင် ​ကောင်းမှာပဲလို့ ​တွေးဖူးတယ်။ ငါသိပ်ကိုတစ်ကိုယ်​ကောင်းဆန်တယ်မလား...?

ငါက မင်းဘဝရဲ့အတားအဆီးဖြစ်​နေတာကို မင်းက အ​ကြောက်အကန်​ချေပတယ်။ ငယ်ရွယ် ထက်မြတ်ပြီး ပြီးပြည့်စုံတဲ့ဥပဓိရုပ်နဲ့မင်းကို လူတိုင်းက မျက်စိကျတယ်။ ငါကတော့ချုံကြား​နေရရင်​တောင် မင်းကိုတော့ ဘုံဖျားထက်မှာထားပြီး ငါကခစားချင်တာ။ ဒါ​ပေမဲ့​လေမင်းတစ်​နေ့ ငါ့ကိုထားသွားရင်မလိုအပ်တော့ရင်ဆိုပြီး ​တွေးမိတိုင်းငါ သိပ်ကြောက်မိတယ်။ သဘာဝကို ဆန့်ကျင်​နေတဲ့ငါ့တို့ နှစ်​ယောက်ရဲ့နှလုံးသားက ​လောကဒဏ်တခုဖြစ်တဲ့ပတ်ဝန်းကျင်ရဲ့ လှောင်ရယ်သံကို ငါတို့နှစ်​ယောက်ဘယ်လောက်ထိခံနိုင်ရည်ရှိနိုင်မလဲ။
ငါကရောမင်းအတွက် မင်းကရောငါ့အတွက် ဘယ်​လောက်ထိ ကာကွယ်​ပေးထားနိုင်မလဲလို့​လေ။ အဲ့လို​တွေးမိတိုင်း​သွေးပျက်ခဲ့ရတဲ့ည​တွေရယ် လက်ချိုးမ​ရေနိုင်အောင်ပါပဲ။ ငါမင်းကို တခြားသူ​တွေနဲ့တွဲမြင်တိုင်း ငါ့ကိုယ်ငါမုန်းမိတယ်။ ဝန်တိုဒေါသဖြစ်မိတယ်။ သိမ်ငယ်မိတယ်။
ဒါ​ပေမဲ့​လေ ငါဘာတတ်နိုင်မလဲ!
ငါကငါ့ဘဝနဲ့ငါ​လေ။ အရင်ကတွေးမိတယ် ကြိုးစားရင်...ငါ ကြိုးစားရင်မင်း​ဘေးမှာ ငါရပ်တည် နိုင်မယ်လို့ ထင်ခဲ့မိတယ်။ ငါကြိုးစားလိုက်တိုင်းငါမင်းဆီကိုခြေတစ်လှမ်းလှမ်းလိုက်တိုင်း...မင်းကငါ့ရဲ့ အလှမ်း​ဝေးကြီးကို ​ရောက်သွားတာကို ငါမမြင်ခဲ့ဘူး။
ငါ့ သိမ်ငယ်စိတ်ကမင်းကို ငြင်းဆန်လာတယ်။ ငါ့နှလုံးသားကမင်းကို ​တောင့်တတယ်။ ငါ ဘာလုပ်သင့်လဲ...။

"Amnesia"Where stories live. Discover now