Realized 💜

13 2 1
                                    

အချိန်တွေ ဘယ်လောက်အထိ ကုန်ဆုံးခဲ့လဲ သေချာမတွက်တတ်တော့ပေမယ့်....
ကံတရားတခုကိုတော့ တကယ်ကျေးဇူးတင်လိုက်တာ....
ခံစားရတဲ့အချိန်တွေ၊ ကြေကွဲခဲ့ရတဲ့အချိန်တွေ၊ပြန်တွေးကြည့်တော့လည်း ဘာမှမဟုတ်တော့သလိုပဲ "အချိန်က တကယ့်ဆေးကောင်းတလက်" ပဲ

ပြန်မကောင်းလာနိုင်တော့ဘူး၊ မရှင်သန်နိုင်တော့ဘူး၊ မပျော်နိုင်တော့ဘူး ထင်ခဲ့ပေမယ့်..အခုတော့ အရာအားလုံးဟာ ဟာသတခုလို..

ရှောင်ဖယ်ခဲ့သူကိုလည်း ကျေးဇူးတင်ရသလို၊ ကျောခိုင်းခဲ့သူကိုလည်း တကယ်ကျေးဇူးတယ်၊ ဘာမှမတုံ့ပြန်ဘဲ ဒီအတိုင်းလျစ်လျူရှုခဲ့တဲ့သူကိုလည်း ပိုလို့တောင် ကျေးဇူးတင်ပေးတယ်၊ သူတို့ကြောင့် ကိုယ့်ကိုကိုယ် မထင်မှတ်ထားလောက်အောင် ပိုချစ်တတ်လာတယ်၊ ပိုတန်ဖိုးထားတတ်လာတယ်၊ ပိုမြတ်နိုးတတ်လာတယ်၊ ပိုတွယ်တာတတ်လာတယ်

အခုဆို ဒီနေ့အတွက်ပဲ စိတ်ဝင်စားသလို မနက်ဖြန်အတွက်ပဲ ရင်ခုန်တတ်တော့တယ်၊ မနေ့က ကိုယ့်ကို​တော့ ဘယ်လိုနှစ်သိမ့်ခဲ့လဲ ကောင်းကောင်းသိခဲ့ပြီမို့...
ပျော်စရာတွေ၊ ငိုစရာတွေ၊ ဝမ်းနည်းစရာ​တွေ ကိုယ်တိုင်ပဲဖန်တီးပြီး ကိုယ်တိုင်ပဲနှစ်သိမ့်​ပေးရတာ ဘယ်လောက်ကျေနပ်ဖို့ကောင်းမှန်း အခုမှ သေချာသိတော့တယ်...

တချိန်က တပါးသူကြောင့်ရတဲ့ စိတ်အတက်အကျအနိမ့်အမြင့်တွေကို သူကြိုးဆွဲသလို ကခုန်ကစားခဲ့ရပေမယ့်...အခုတော့ နေသားကျသထက်ကျလာခဲ့ပါပြီ....

တိုက်ဆိုင်မှုရှိတိုင်း သတိရတတ်ပေမယ့်လည်း မလွမ်းတော့မလွမ်းတော့ဘူး အောင့်​မေ့ဖို့လည်း အစကိုပြန်မစဖြစ်တော့ဘူး..ပေါ့ပေါ့ပါးပါးနဲ့ကိုယ့်အကြောင်းဖြစ်ရပ်လေးကို ရယ်စရာတခုလို ပြန်ပြောပေးတတ်ခဲ့ပြီ.....💟

တခါတလေ အထီးကျန်ဆန်ပေမယ့်လည်း
ထားခဲ့ပေးလို့ တကယ်ကျေးဇူးတင်တယ်
ချန်ထားခဲ့လို့ တကယ်ကျေးဇူးတင်တယ်
လျစ်လျူရှုပေးခဲ့လို့ တကယ်ကျေးဇူးတင်တယ်
ရွေးချယ်မှုတွေကြောင့် နောင်တရခဲ့လားမေးရင် နည်းနည်းလေးတောင် နောင်တမရခဲ့တာမို့လို့ အတိတ်ကငါလေး သိပ်တော်တဲ့ရွေးချယ်မှုကို ပြုလုပ်ခဲ့လို့ အရမ်းတော်တယ်လို့ပဲ ချီးမွမ်းပါရ​စေ..

အဲ့ထက်မက ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်း​တွေ ရောက်လာဦးမှာမို့ ကိုယ့်ရဲ့အေးချမ်းမှုအပြည့်နဲ့အခန်းငယ်လေးထဲ ထည့်လို့ဆန့်နိုင်သေးလား အခန်းထပ်ချဲ့ဖို့လိုမလားလို့သာ တွေးပူလိုက်ပါ..ကျန်တာ ဘာမှမရှိိတော့ဘူးလေ...

တချိန်က ငိုခဲ့ရသလို ပျော်လည်းပျော်ခဲ့ရတယ်
အခုကျ သဘာဝကပေးတဲ့ အပူပင်​သောက အနည်းအကျင်းလေးကိုပဲ ယူဆောင်သယ်ပိုးထားရတာကလွဲ ကျန်တဲ့ပူပင်သောက ဘာမှမရှိ​တော့ အရာအားလုံးအဆင်ပြေသွားပါပြီ..
အချိန်တခုကုန်တာ မြန်ခဲ့ပေမယ့်လည်း ပြောင်းလဲသွားတဲ့ကိုယ့်ကိုကိုယ်အတွက် အရမ်းကျေနပ်တယ် ပီတိဖြစ်တယ်...

အချိန်တခုကုန်တာ မြန်ခဲ့ပေမယ့်လည်း ပြောင်းလဲသွားတဲ့ကိုယ့်ကိုကိုယ်အတွက် အရမ်းကျေနပ်တယ် ပီတိဖြစ်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Time flies so muchWhere stories live. Discover now