အဖြူရောင်ကို နှစ်သက်ခြင်း 🤍

12 1 0
                                    

"မြတ်၊ သူက ဘာတဲ့လဲ့"
"လာခဲ့မယ်လို့ပြောတယ်၊ နင်ရောရှိလားတဲ့"
"ဘယ်အချိန်လာမယ်တဲ့လဲ..တခြားရော ဘာမေးသေးလဲ"
"အင်း...ဘာမှတော့မပြောပါဘူး...ဒါပဲဆိုပြီး ချသွားတယ်.."
"ဪ..."
{"ဇေ...ဇေ.." တကယ်လည်းခက်တာကိုးးး နာမည်လေးခေါ်လို့ကောင်းသလို လူလေးလည်းမဆိုးရင်ကောင်းမယ်..ဒီလူဆိုးလေး ထိန်းရခက်လိုက်တာ...}
ဟေမာန်တယောက်တည်း စိတ်ထဲရေရွတ်နေမိခဲ့တယ်.အပြင်လည်းထုတ်မပြောချင်တော့သလို ထုတ်ပြောဖို့လည်း အင်အားတွေမရှိတော့ဘူး...ဘယ်လိုကြောင့် ဒီလိုတွေ လုပ်ခဲ့သလဲဆိုတာ ဇေပဲသိမှာမို့ အပြစ်မတင်ချင်တော့ပါ...အစကတည်းက အပြစ်တင်ဖို့ရည်ရွယ်ချက်မှမရှိမှဘဲလေ...ထားပါတော့....

"ဟေမာန်၊ နင်စိတ်ကိုထိန်းနော် ဒေါသကိုလျော့...တဖက်ကိုလည်း ကြည့်ရဦးမှာပေါ့..ငါကတော့ ဘာဖြစ်ဖြစ် နင့်ဘက်ကရပ်တည်ပေးပြီးသားပဲ၊ ပြီးတော့ နင်ဘာလုပ်လုပ် ငါနင့်ကိုနားလည်ပါတယ် ကြားလား..ကျန်တာခေါင်းထဲမထည့်နဲ့.."
"မြတ်..ငါတို့တွေ သိခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ.."
မြတ်ပြောတာနားလည်ပေမယ့် အဲ့အတွက် ပြန်ဖြေချင်တဲ့စိတ်မရှိခဲ့ဘူး၊ စိတ်ထဲကတော့ "ငါက ဘာများတတ်နိုင်မှာလဲ"ဆိုပြီး ရေရွတ်မိတာ ကိုယ်တိုင်ပဲသိလိမ့်မယ်..အတွေးတစနဲ့ ဒီအကြောင်းနဲ့ပတ်သက်ပြီးလည်း ဘာမှထပ်မပြောချင်တော့လို့သာ စကားလမ်းကြောင်းလွှဲလိုက်သာ..ဟေမာန်ကိုယ်တိုင်ကတော့ အတိတ်ကိုပြန်ရောက်မှန်းမသိ ရောက်ခဲ့တာ...

<<<<<< ~~~~~~~~~~~~~~~~~~
^အတိတ်^
ဟေမာန်တို့မှာ သူငယ်ချင်းတဖွဲ့ရှိတယ် မိန်းကလေး ၄ ယောက်နဲ့ ယောကျ်ားလေး ၄ ယောက်...
အမှန်က ဒီ့ထက်မက ရှိပါတယ်၊ ဒါပေမယ့် အထက်တန်းပြီး မတူညီတဲ့တက္ကသိုလ်ကိုယ်စီနဲ့ဆိုတော့ တခြားသူတွေနဲ့ သိပ်မဆုံဖြစ်ကြတော့တာ..
ဒါပေမယ့် အဲ့ထဲက ဟေမာန်၊ မြတ်နဲ့ သော်တာက နည်းပညာတက္ကသိုလ်ကိုတက်ခဲ့ကြတယ်၊ ဆုနှင်းကတော့ တခြားတက္ကသိုလ်ကိုတက်ခဲ့တာ ဟိုယောကျာ်းလေး ၃ ယောက်နဲ့အတူတူပေါ့...အဲ့ထဲက ဇေတ တယောက်ပဲ နည်းပညာတက္ကသိုလ်ကိုတက်ခဲ့တာ..ဟေမာန်စိတ်ကို ပြန်တူးဆွဖို့ သူရောက်လာခဲ့သလားဆိုတာကတော့ ဇာတ်ဆရာပဲသိမှာပေါ့..
ဟေမာန်၊ မြတ်နဲ့ ဆုနှင်းကတော့ အစကတည်းက အတွဲညီတယ်..K-pop သီချင်းတွေ အိမ်တအိမ်မှာစုပြီး နားထောင်တယ်၊ မုန့်တီဆိုင်ထိုင်၊ အသုပ်ဆိုင်ထိုင်၊ ကာတွန်းဖတ်လိုက်၊ ဝတ္ထုဖတ်လိုက်၊ စကားမရှိစကားရှာ တခြားအကြောင်းလေးတွေပြောလိုက်ပေါ့..ဘဝကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့သူတွေပေါ့..အင်း သော်တာကတော့ နည်းနည်းလမ်းများတော့ တခါတလေမှရောက်လာတတ်တာ..ဟေမာန်နဲ့သော်တာက အိမ်ချုပ်ခြယ်တာခံရတာခြင်းတူပေမယ့်
လူငယ်ပုံစံဖြတ်သန်းရတာခြင်းမတူကြဘူး..ဟေမာန်က လွတ်လပ်ချင်သူ ချုပ်ခြယ်တာမကြိုက်ပေမယ့် အိမ်ကို ပြန်ကိုမပြောရဲတာ..အစ်ကိုတွေကြားထဲ ညီမလေးတယောက်တည်းဆိုတော့ ချုပ်ခြယ်တာလည်းမဆန်းပါဘူးလေ..သော်တာကျ အဘွားတွေက အုပ်ထိန်းတာမို့ ပြန်မပြောနားမထောင် အပြင်မှာ သူ့ကိုအလိုလိုက်မယ့်သူ ဂရုစိုက်မယ့်သူ ရှာဖွေရင်းလွတ်လပ်မှုကိုခုံမင်နေတဲ့သူတဦးပေါ့..ပြောရရင် သူလိုချင်တဲ့ဖခင်မေတ္တာကို တခြားသူစိမ်းယောကျ်ားလေးဆီက တိတ်တိတ်လေး အားကိုးဖော်ရှာနေသူပေါ့...
ဟေမာတို့ သော်တာ့စိတ်ကိုနားလည်ပေမယ့် ဘာမှဝင်မစွက်ဖက်ခဲ့ဘူး..အရမ်းတွေ လမ်းကျွံ ခြေလှမ်းမှားတွေဖြစ်မှာစိုးလို့သာ သတိတခါတလေပေးရပေမယ့် ဟေမာန်တို့ကိုအရမ်းတွယ်တာတဲ့သူပါ..ကျန်တာဘာမှမသိပေမယ့် ဒီသူငယ်ချင်းတွေအတွက်ဆို သူ့မှာအမြဲဆင့်သင့်ပဲ..ရောက်တတ်နေရာကနေ ပြေးလာရှာတယ်..ဗရုတ်ကျတာကတော့ နှစ်ခါညှိစရာမလိုခဲ့ပါဘူး..ဒီတခုတော့ သေချာစိတ်ချရတယ်....

💗 First Love 💗 Where stories live. Discover now