သူစိမ်းဆန်သော အဖြူရောင်လေးများ

4 1 0
                                    

"ဇေ....ရော့ ဒီမှာ.."
"ဟေမာန်..ငါ..."
"ဇေ...ငါတော့ နင်ကော်ဖီဆိုင်မှာလုပ်တုန်းက အချိန်ကို သိပ်သတိရတာပဲ...အဲ့တုန်းက နင့်အလုပ်လုပ်ချိန်ဆို ငါတို့လာထိုင်တာလေ..ကော်ဖီကလည်း တကယ်အရမ်းမွှေးသောပဲ...ငါသိပ်ကြိုက်ဟ"
"အင်း...ငါကိုယ်တိုင်ဖျော်တာလေ..ငါ့လက်ရာမြည်းစမ်းစေချင်တာ..အရမ်းမကျွမ်းကျင်သေးတဲ့ဖျော်ဆရာလက်ရာကို သဘောကြိုက်လို့ ကျေးဇူးဟ...ပြီးတော့...ငါက.."
"ငါက ကော်ဖီကြိုက်ရုံပါဇေ..အခုလည်း ကြိုက်တုန်းပဲ.."
"ငါ အပြင်ခဏသွားမလို့ ခေါက်ဆွဲခြောက်တွေကုန်နေပြီ..ဘာစားဦးမလဲ ဟေမာန်.."

"နေပါစေ မြတ်...ငါလည်း ကော်ဖီဖျော်လိုက်ပြီပဲကို"
"ဒါဆို ငါခဏသွားဦးမယ်၊ ဇေတ ငါသွားဦးမယ်"
"အရမ်းမကြာစေနဲ့ မြတ်၊ တော်ရုံဆို နောက်မှဝယ်ပါ.. မသင့်တော်ဘူး..."
"ဟေမာန်..!!!"
ဇေတက ခေါင်းငုံရုံသာ ငုံခဲ့ပေမယ့် ဟေမာန်ရဲ့စကားကြားတဲ့အခါ သူဒေါသထွက်သွားတယ်နဲ့တူပါတယ်၊ ထွက်လည်းထွက်သင့်ပါပြီ အရင်လိုသာဆို ဝုန်းဒိုင်းကြဲနေပြီဆိုပေမယ့် အခုတော့ တော်တော်စိတ်လျော့ထားပုံ၊ မြတ်လည်း ဘာမှမပြောဘဲ သက်ပြင်းသာချပြီး အိမ်ထဲက ထွက်လာခဲ့တယ်၊ နှစ်ဦးသားပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ရင် အခြေအနေတခုကို ပေးခဲ့ရင်ကောင်းမယ်လို့တော့ တွေးထားတယ်၊ ဒါပေမယ့် ဒီ ၂ ယောက်ကို အဆင်လည်းပြေသွားစေချင်သလို အဆင်လည်းမပြေစေချင်ဘူး၊ ဘယ်လိုအခြေအနေဆို ဟေမာန်ပျော်မလဲမတွေးတတ်ပေမယ့် မြတ်အနေနဲ့သာဆ်ို ဟေမာန့် ပျော်တာကိုပဲရှေးရှူပြီး ကြည့်မှာမို့လို့၊ သူ့အတွက် ပထမဦးစားပေးက ဟေမာန်ဦးဆိုသော သူငယ်ချင်းမလေးပါပဲလေ......

ဒီလိုနဲ့ တခြားတဖက်မှာလည်း...
"ဥာဏ်ဏ...မင်း ဘာဆက်လုပ်မှာလဲ"
"ဘာကိုလဲ စည်သူ!?"
"ရူးကြောင်ကြောင် လုပ်မနေနဲ့၊ မင်း ဟေမာန်ကို ဖွင့်ပြောလိုက်တယ်ဆို...ချောင်းသာသွားပြီး မူးတုန်းက မင်းကိုယ်တိုင်ဖွင့်ပြောခဲ့တာ.."
"အေး..ဒါနဲ့ ဟိတ်ကောင် မင်း တော်တော်လျှိုထားနိုင်တယ်နော်၊ ငါတို့တောင် မရိပ်မိဘူး၊ မင်းပိရိလိုက်တာ.."
"ငါ ဆင်ကြံကြံနေခဲ့တာလည်းမဟုတ်ရသလို..ဒီလိုအခွင့်အရေးမျိုးကိုလည်း မလိုချင်ခဲ့မိဖူးဘူး၊ အေး ဒါမဲ့ ငါတခုတော့မျှော်လင့်ခဲ့တယ်၊  ဒီလိုမျိုးအခြေအနေမရောက်လာဖို့၊ ရောက်လာရင်တော့ မတတ်နိုင်ဘူး၊ ငါတမင်ဖန်တီးထားတာမှ မဟုတ်ဘဲနဲ့.."
"အေး..မင်းလည်း မင်းခံစားချက်နဲ့မင်းပဲကို၊ အခု ဟေမာန်က ဘယ်သူ့ကိုမှ မတွေ့ဘူး၊ ဟိုကောင်တောင် မြတ်ကြီးကို အတင်းနားပူနားဆာလုပ်လွန်းလို့ မြတ်ပတင်းဆွဲခေါ်ထားရတယ်ပြောတာပဲ"
"ငါတော့ ငါတို့သူငယ်ချင်းတွေ အရင်လိုပဲ ပြန်ဖြစ်ချင်တယ်၊ အခုဟာက ဘယ်သူက ဘယ်လိုဗွေဖောက်မှန်းမသိဘဲ ဘာတွေ လွဲမှားလို့လွဲမှားနေမှန်းမသိကွာ...ခက်တယ် အောင်သူရာ"
"အေးကွာ..." စည်သူ့အပြောကို အောင်သူက ထောက်ခံရုံရှိခဲ့ပေမယ့် ဥာဏ်ဏကတော့ လုံးဝကို တိတ်ဆိတ်သွားခဲ့ပြီ၊ စကားတွေပြောထွက်မလာနိုင်လောက်အောင် ရင်ထဲမွန်းကြပ်နေပြီလေ..ဟေမာန့်အဆုံးအဖြတ်တွေကို သူတကယ်စိတ်ဝင်စားခဲ့မိတယ်၊ သူ့ကိုအခွင့်အရေးပေးဖို့ လမ်းမမြင်ပေမယ့် ပေးလာခဲ့ရင်လည်း အဲ့လက်ကိုလုံးဝလွှတ်မချဖို့ ယတိပြတ်ဆုံးဖြတ်ထားပြီးသား၊ ဒါပေမယ့် ဇေတနဲ့ဟေမာန် ချစ်သူတွေဖြစ်သွားခဲ့ရင် တနည်းနည်းနဲ့ ဒီအဖွဲ့ထဲကနေရှောင်ထွက်ဖို့ ဆုံးဖြတ်ထားပြီးသား၊ ကိုယ်ချစ်တဲ့ကို ပျော်တာမြင်ချင်ပေမယ့်၊ ကိုယ့်ကြောင့်ပျော်နေတာမျိုး၊ ကိုယ့်လက်ကိုတွဲပြီး ရှေ့ဆက်လျှောက်တာမျိုးပဲလိုချင်တယ်၊ မျှော်ကြည့်ရတာတွေ၊ တဖက်သက်နောက်ဆုတ်ပေးခဲ့ရတာတွေ လုံးဝအလိုမရှိဘူး၊ သူ့အတွက်က အချစ်ဆိုတာ ရယူခြင်းပဲ...ဘယ်လိုနည်းလမ်းနဲ့ပဲရရ သူပိုင်ဆိုင်မှဖြစ်မယ်၊ ဒါပေမယ့် ဒါကိုလည်း လူတိုင်းကို ဖွင့်ဟပြောပြနေမှာမဟုတ်ဘူး၊ သူ့ဦီးနှောဏ့်ကိုပဲ အလုပ်တွေပေးရင်း တွေးပြီးရင်းပဲ တွေးနေခဲ့တယ်...လူဆိုးပဲခေါ်ခေါ် လူယုတ်မာပဲခေါ်ခေါ် အဓိက သူ့ဦးတည်ချက်က ဟေမာန့်ကိုသူ့အနားခေါ်ထားနိုင်ပြီး သူအပိုင်သိမ်းနိုင်ပဲ..ဒါ သူ့ဘဝရဲ့ တခုတည်းသော မစ်ရှင်ပဲ...ဟေမာန်က သူ့အတွက်မူပိုင်ပဲ...ဥာဏတယောက် လူမသိသူမသိ တိတ်တိတ်လေးဆွဲထားတဲ့အစီအစဉ်တွေ ဒီလိုစကားတွေ ဒီလိုအဆုံးဖြတ်တွေ တယောက်ယောက်သာ သိခဲ့ရင် တားခဲ့ကြမှာဆိုသော်ငြား ခက်တာက ဥာဏ်ဏက သူကလွဲဘယ်သူ့ကိုမှ မယုံတဲ့သူဖြစ်နေတော့လည်း ခက်ရချည်ရဲ့...စည်သူတို့သာ နည်းနည်းလောက်အရိပ်အမြွက်သိခဲ့ရင်ပေါ့........

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 14, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

💗 First Love 💗 Donde viven las historias. Descúbrelo ahora