part.5( unicode & zawgyi )

3.3K 128 4
                                    

💞​စေတန်​ရဲ့သတို့သမီး💞

        အပိုင်း(၅)
        💞💞💞

"ရှင်​...."

အသင့်ကို..ဖမ်း​ပွေ့ထားတဲ့...ထိုလူရမ်းကားရဲ့
မျက်​နှာကို​မော့ကြည့်​နေမိပြီး...အသင်​ဘာမှမ​ပြော
နိုင်​ဖြစ်​သွားရသည်​။​ကျောဘက်​က​နေသိုင်းဖက်​​ပွေ့
ထားတဲ့..သူ့ရဲ့လက်​က...အသင့်ရင်​ဘတ်​ကိုပါ.....
ထိမိ​နေတာကို...သတိဝင်​လာရကာ........၊

"ဒီမှာ...ရှင်​...ဘယ်​​နေရာကိုထိထားတာလဲ...လွှတ်​..
အသင်​ကို..အခုလွှတ်​...."

လူ​တွေလဲ..ဝိုင်းကြည့်​နေတာမို့..အသင်​​လေသံခပ်​အုပ်​အုပ်​
နှင့်​ပြောလိုက်​မိ​တော့..သူက​ဘေးဘီကို..တစ်​ချက်​​ဝေ့
ကြည့်လိုက်​ပြီး....၊

"လွှတ်​​ပေးရမှာလား...ပြီး​ရော​လေ..."

"ဘုန်း..."

"အမ​လေး..."

​ပြောရင်း...လက်​နှစ်​ဖက်​ကိုတစ်​ပြိုင်​တည်းလွှတ်​ချ
လိုက်​​တော့...အသင်​ဖင်​ထိုင်​ရက်​​လေးပြုတ်​ကျသွားရ
သည်​။

"အား...လား...လား...မီး​ညောှင့်ရိုး​တော့...
ကျိုးပါပြီ.... "

အသင်​ငြီးငြူ​နေမိစဉ်​...သူကအသင့်နားမှာ
​ခြေဖျား​ထောက်​ထိုင်​လိုက်​ရင်း...

"နား​ထောင်​...မင်းဆွဲကြိုးကိုပြန်​လိုချင်​ရင်​...
ဒီပွဲပြီးတာနဲ့.....မင်းကိုယ်​တိုင်​ငါ့အခန်းထဲမှာ...
လာယူပါ...မဟုတ်​ရင်​​တော့..မင်းဆွဲကြိုးကို...
ငါလွင့်​ပစ်​မှာ​နော်​...".

"ဘာ​ပြောတယ်​...ရှင်​..."

အသင်​ရန်​မ​တွေ့ရ​သေးခင်​မှာဘဲ..သူကထသွားပြီ
ဖြစ်​သည်​။ထိုအခါ...​ဘောင်းဘီထဲလက်​တစ်​ဖက်​ထည့်
ခပ်​မိုက်​မိုက်​​ခြေလှမ်း​တွေနဲ့...စမတ်​ကျကျ..
​လျှောက်​လှမ်းသွားတဲ့...သူ့​နောက်​ကို...အားလုံးရဲ့..
အကြည့်​တွေကပါသွားကြပြီး...အနီးအနားကလူ​တွေက
အသင့်ကိုလာတွဲထူဖို့ပင်​သတိမရကြ​တော့...။

"အရမ်းမိုက်​တာပဲ...ရုပ်​ရည်​​ရော...body​ရော
လုံးဝအလန်း​နော်​..."

"ဟုတ်​ပါရဲ့...သူကဘယ်​သူလဲမသိဘူး..."

ရိုက်​ကူး​ရေးဘက်​က...မိန်းက​လေးနှစ်​​ယောက်​ရဲ့
စကားကိုအသင်​ကြားဖြစ်​​အောင်​ကြားလိုက်​​သေးသည်​။
ကိုယ်​တိုင်​လဲ...စတိုင်​ကျလွန်းတဲ့သူ့ကိုကြည့်ကာ...
ခဏမျှ​ငေးခနဲဖြစ်​သွားရပြီးမှာ...​ဒေါသထွက်​ဖို့ရာ
သတိရသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now