part.6(unicode&zawgyi)

3.4K 144 3
                                    

💞​စေတန်​ရဲ့သတို့သမီး💞

        အပိုင်း(၆)
       💞💞💞💞

A-23

အခန်းနံပါတ်​ကိုကြည့်ရုံမျှနှင့်ပင်​...အသင်​​ကျောချမ်း
သွားရသည်​။

"မဝင်ပြန်​ရင်​လဲ...ငါ့ဆွဲကြိုးကို...အဲ့ဒီလူရူပ်​​ကောင်​က
ပြန်​​ပေးမှာမဟုတ်​ဘူး......"

အသင်​...အခန်း​ရှေ့မှာ​ခြေစုံရပ်​ပြီး...ချီတုံချတုံ
ဖြစ်​​နေစဉ်​...

"ကျွီ.."

ဖျပ်​ခနဲပွင့်သွားတဲ့အခန်းတံခါးနဲ့...အခန်းဝမှာ
​ပေါ်လာတဲ့သူ့ပုံရိပ်​​ကြောင့်...အသင်​...တုန်​သွားရသည်​။

"ရှင်​..."

တစ်​ခုခု​ပြောရန်​ပြင်​ပြီး...သူ့ကိုကြည့်လိုက်​​ပေမဲ့..
မျက်​လုံးချက်​ချင်းပြန်​လွဲမိသွားရသည်​။
ရှပ်​အင်္ကျီတစ်​ထည်​ကို...ကြယ်​သီးမတပ်​ထားပဲ
ရင်​ကွဲဝတ်​ထားတဲ့...သူ့ရဲ့..ခနာ္တကိုယ်​အ​ပေါ်ပိုင်းက
Abs muscles​တွေနဲ့​တောင့်တင်း
ကြည့်​ကောင်း​နေတာ​ကြောင့်...။

" ............ "

​နေ...အခန်း​ရှေ့မှာရပ်​​နေတဲ့​ကောင်​မ​လေးကိုကြည့်ပြီး
လှစ်​ခနဲပြုံးလိုက်​မိသည်​။

"မင်းလာမယ်​ဆိုတာ...ကိုယ်​သိသားပဲ..."

"ရှင့်ဆီလာတာမဟုတ်​ဘူး...အသင်​အခုမှစဉ်းစား
​နေတုန်းရှိ​သေးတာ..."

သူမကမျက်​နှာ​လေးလွှဲထားရင်းမှ​ပြောသည်​၊

"ဘာပဲ​ပြော​ပြော...မင်းအခု...အခန်း​ရှေ့ကို
​ရောက်​​နေတာပဲမဟုတ်​လား...လာခဲ့..."

"အို..."

သူကအသင့်ကိုအခန်းထဲဆွဲသွင်းသွားကာ...တံခါးကို
ပိတ်​လိုက်​သည်​။

"ရှင်​...လွှတ်​ပါ..."

အခန်းထဲ​ရောက်​​တော့...သူဆွဲလာတဲ့လက်​ကို...
အသင်​​ဆောင့်ရုန်းလိုက်​​တော့...သူယိုင်​ခနဲ
ဖြစ်​သွားသည်​။

"ဟင်​..."

အသင်​နည်းနည်းအံ့ဩသွားရသည်​။ပြီးခဲ့တဲ့​နေ့​​တွေက
လက်​တစ်​ဖက်​ထဲနဲ့​တောင်​..အသင့်ကို​ကောင်း​ကောင်း
ချုပ်​ထားနိုင်​တဲ့သူက...ဒီ​လောက်​​လေးနဲ့ယိုင်​နဲ့
သွားရလား...ပြီး​တော့သူ့မျက်​နှာကဖြူဖက်​ဖြူ​ရော်​
ဖြစ်​​နေသလိုပင်​...

စေတန်ရဲ့သတို့သမီးWhere stories live. Discover now