HÅTĒ YŌÜ {28}

595 125 21
                                    

Part 28

" ငိုချလိုက်!!! လာကျတော့်ပုခုံးပေါ်ကိုငိုချလိုက်.."

ဂျောင်ကုသည် အသံတိတ်ငိုနေသူလေးအား ပွေ့ဖက်လိုက်ပြီး သူ့ပုခုံးပေါ်ငိုချလို့ရကြောင်း ဟိုဆော့၏ နိမ့်ချည်မြှင့်ချည်ဖြစ်သွားသည့် ကျောပြင်လေးကိုပွတ်သပ်ပြီး ပြောနေလေသည်...

" အီးးဟီးးးးးဘယ်သူမှမကောင်းကြဘူး! အစ်ခ်.. "

" ဘာဖြစ်တာလဲ? ကျတော့်ကိုရင်ဖွင့်ချင်ရင်ဖွင့်လေ..ကျတော်နားထောင်ပေးမယ်.."

" ရွတ်!! မင်းက မယုံရဘူး..."

" ပြောမှာသာပြောပါ .."

" ငါ..ငါလေ..မနက်က..

Flashdback

" မေမေရေ....သားလာတယ်.."

" မေမေ!..."

" သား..မေမေဒီမှာ.."

" ဟီးး မမြင်မိဘူး."

ဟိုဆော့သည် မီးဖိုခန်းထဲမှထွက်လာသော မိခင်အားပြုံးရယ်ပြကာ သွားဖက်လိုက်သည်..
သူ၏မိခင်ဟာလည်း သားဖြစ်သူ၏ခေါင်းလေးကို ပွတ်ပေးပြီးပြန်ပွေ့ဖက်ထား‌သည်.

" မေမေ.."

" အွန်??"

" သားနဲ့အပြင်လိုက်ခဲ့ပါအုန်း..."

" ငါ့သားက မေမေ့ကိုဘယ်ခေါ်သွားချင်လို့လဲ?"

" မပြောပြဘူး.."

" မပြောရင် မလိုက်ဘူးကွယ်.."

" ဟာ!မေမေကလည်း သားခေါ်တာကိုဘာမှမမေးပဲလိုက်ခဲ့ပါဗျာ.."

" ဟော်.ဒါကငါ့သားလေးစိတ်ကောက်တာပေါ့..ဟင်.?"

"........"

ဖက်လျက်စကားတွေပြောဆိုနေရင်းမှ သူ့ကိုမေးခွန်းပြန်မေးလို့ပါဆိုပြီး ဖက်ထားသည်ကိုဖြုတ်ကာ လက်ပိုက်ပြီးနှုတ်ခမ်းထော်ထွက်နေသည့်သားဖြစ်သူ၏ ခေါင်းကိုပုတ်ရင်း စနောက်နေသည့်မိခင်

" မေမေလိုက်ခဲ့‌ရမှာ..သွားအဝတ်တွေသွားလဲချေ..!"

" အဝတ်က လဲရအုန်းမှာလား? ဘယ်နေရာမို့လဲသားရယ် လဲမနေတော့ဘူး.."

" ဟာ!မရဘူးလဲပါ အလှဆုံးဖြစ်အောင်ဝတ်ခဲ့နော် သွားလဲ‌ပါမေမေရာ.."

HÂTÉ   YØÛ  { ÇÓMPLËTE }Dove le storie prendono vita. Scoprilo ora