Part-15

1.4K 73 2
                                    

ပူပြင်းလှသောနွေကြောင့် ဆိုင်အနီးရှိကုက္ကိုပင်ကြီးတွင်စင်လေးလုပ်၍ တင်ထားသောရေချမ်းအိုးလေးထဲမှရေများပင်ခမ်းလုပြီ။လမ်းတွင် ရေချမ်းစင်များပြုလုပ်၍ထားပေးခြင်းသည်လည်းမြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့ဖြစ်သည်။ရေချမ်းအိုးထဲသို့ရေဖြည့်နေရင်း လမ်းဘက်သို့မျှော်ကြည့်နေသောကောင်လေးတစ်ယောက်လည်းရှိနေပါ၏။

"အငယ်လေးရေ ရေတွေကအောက်မှာချည်းပဲနော်။ဘာတွေအတွေးလွန်နေလို့လဲဟေ့"

လှမ်းအော်လိုက်သော မိန်းမငယ်တစ်ယောက်၏အသံကြားမှသာ အမောင်သတိပြန်၀င်သွားသည်။သူ့ကိုလှမ်းပြောနေသောအမျိုးသမီးသည် ကြီးကြီးဒေါ်မီခမ်း၏တူမဖြစ်သူ မြဂန္ဓမီဖြစ်၏။ကြီးကြီး၏သားဆုံးပြီးသည့်အချိန်မှစ၍မြဂန္ဓမီသည် ကြီးကြီးနှင့်အတူလာနေသည်။‌ရန်ကုန်ကိုကျောင်းသွားတက်နေပြီး ကျောင်းပိတ်သောကြောင့်ပြန်လာခြင်းဖြစ်သည်။

သူ့ကိုဆို မောင်အရင်းလေးကဲ့သို့ချစ်ပေးရှာသည်။တခြားသူတွေခေါ်သကဲ့လို့ "အမောင်"ဟုပင်မခေါ်။သူ့ထက်‌ေခြာက်နှစ်ငယ်သောကောင်လေးကို အငယ်လေးဟုသာခေါ်လေ့ရှိသည်။

"မလွန်ပါဘူးဗျာ မမမီကလဲ"

"ဘုတ်! အာ့!"

မြဂန္ဓမီကိုပြောရင်းနှင့်လမ်းလျှောက်လာရာမှ ရှေ့ကကျောက်ခဲကိုခလုတ်တိုက်လဲခြင်းဖြစ်သည်။မည်သို့ပင်မခံနိုင်အောင်စနေစေကာမူ အမောင်လဲကျသောအခါအနားကိုချက်ချင်းရောက်လာသူသည် မြဂန္ဓမီပင်ဖြစ်သည်။

"အငယ်လေး ဘယ်နားနာသွားသေးလဲ။မမမီမကောင်းတာပါကွယ်။အငယ်လေးကိုစနေလို့ အငယ်လေးခုလိုလဲသွားတာ"

အ‌မောင့်ကိုထူပေးနေရင်းမှ ငိုသံပါလာကာ မျက်ရည်များပင်ဝဲလာသော မမမီကြောင့် အမောင်ပါငိုချင်လာရသည်။နာကျင်စရာ‌များသော သူ့ကမ္ဘာတွင်သူ့ကိုလုံလုံလောက်လောက်ချစ်ပေးမည့် လူအနည်းစုသည်လည်း ဘုရားပေးသောဆုလာဘ်ပင်ဖြစ်သည်။မမမီစိတ်မကောင်းဖြစ်မည်စိုး၍ အမောင်ကခပ်ဟဟလေးရယ်ကာပြောလေသည်။

"မမမီ ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျ။ဒီမှာကြည့် အေးဆေးပဲ"

မျက်စိရှေ့တွင်အရွယ်ရောက်လာသော ကောင်လေးကိုကြည့်ကာမျက်ရည်ဝဲလာရသည်။ဒေါ်မေနွဲ့ရီ(အမောင့်အဒေါ်)ကရိုက်လိုက်ပြီဆိုလျှင် သူမနှင့်ကြီးကြီးဆီသို့သာ ငိုယို၍ရောက်လာတတ်သည်။ကြီးကြီးအပြင်သွားလျှင် သူမသည်သာအမေ သူမသည်သာအစ်မဖြစ်သည်။

ချစ်ခြင်းတည်စေWhere stories live. Discover now