part.7( unicode & zawgyi )

3.2K 134 9
                                    

💞​စေတန်​ရဲ့သတို့သမီး💞

         အပိုင်း(၇)
         💞💞💞

"ရှင်​တို့ဘာ​တွေလာ​ပြော​နေကြတာလဲ..."

"မင်းကြည့်ရတာငါတို့ကိုမယုံတဲ့ပုံပဲ..​ဟေ့​ကောင်​စိုးကြီး
စာချုပ်​ပြလိုက်​စမ်း...."

​ခေါင်း​ဆောင်​ရဲ့အမိန့်​ကြောင့်...စိုးကြီးဆိုသူက..
လက်​ထဲမှာကိုင်​ထားတဲ့စာချုပ်​ကို...ဖြန့်ပြသည်​။

"ဒါ...ဒါဆို..."

"ဟုတ်​တယ်​...ဒီတိုက်​ခန်းကအခုငါ့အပိုင်​ပဲ...
အဲ့ဒါ​ကြောင့်...မင်း​ပေးဖို့ကျန်​​နေတဲ့...တိုက်​ခန်းလခ​တွေ
ငါ့ကို​ပေးပြီး​တော့...ဒီတိုက်​ခန်း​ပေါ်က​နေဆင်း​ပေးရမယ်​"

"ရှင်​..."

အသင်​...အံ့ဩပြီးဘာမှမ​ပြောနိုင်​ဖြစ်​​နေ​တော့...
ထိုလူကအသင့်​ရှေ့တိုးလာသည်​။

"၃ရက်​ပဲ...​ကောင်​မ​လေး...၃ရက်​ပြည့်တာနဲ့...
မင်းကိုငါဒီတိုက်​ခန်း​ပေါ်မှာမမြင်​ချင်​ဘူး....
အဲ့လိုမှမဟုတ်​ရင်​​တော့...ငါ့အဆိုးမဆိုနဲ့...."

ပုံစံ​တွေကိုကြည့်ရုံနှင့်...လူမိုက်​​တွေမှန်း...သိသာ​နေ​တဲ့
ထိုလူ​တွေ....​ခြေသံခပ်​ကြမ်းကြမ်းနဲ့..အသင့်ရဲ့
အခန်းထဲက​နေထွက်​သွားကြမှ....

"မမဝင်း...မမဝင်းဆီ..ဖုန်း​ဆက်​ရမယ်​..."

အသင်​...တိုက်​ခန်းပိုင်​ရှင်​ကိုသတိရသွားကာ...
ဖုန်း​ခေါ်​ဖို့ကြိုးစား​ပေမဲ့

"လူကြီးမင်း​ခေါ်ဆို​သောဖုန်းမှာ...ဆက်​သွယ်​၍မရပါ..."

ဖုန်းထဲမှာထပ်​ခါထပ်​ခါကြား​နေရ​သောအသံ​ကြောင့်..
အသင်​စိတ်​ညစ်​သွားရသည်​။မမဝင်းရဲ့​ယောကျာင်္းက
​လောင်းကစားမက်​သူတစ်​​ယောက်​ဟုအသင်​သိသည်​။
အခုသူ့ရဲအ​ကြွေး​တွေကိုဆပ်​​ပေးရတာပဲ​နေမည်​...။

အဲ့ဒါထက်​...လက်​ထဲရှိသမျှပိုက်​ဆံ​တွေကို...
သုံး​လေးလအ​ကြွေးကျန်​​နေတဲ့တိုက်​ခန်းလခကိုပါ
​ပေးပြီး...အိမ်​​ပေါ်ကဆင်းရရင်​...အသင်​ဘယ်​သွား
​နေရမလဲ...??

အ​တွေးနဲ့ငိုချင်​သွားရသည်​။

"ဘာလို့...ငါဒီ​လောက်​​တောင်​ကံဆိုး​နေရတာလဲ..."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now