25

5.3K 134 2
                                    

ဆိုဖီအိပ်ကောင်းနေတုံး ဖုန်း Alarm အသံကြောင့်နိုးလာပြီး ဖုန်းကိုယူပြီးAlarm အသံပြန်ပိတ်ပြီး ပြန်အိပ်လိုက်သည် ညကအိပ်တာနောက်ကြလို့ ဆိုဖီမထချင်ဘူးဖြစ်နေကသည်

'ဒေါက် ဒေါက် '

'မားမားရေထတော့ အောက်မှာ ကိုကြီး သူရရောက်နေတယ် ဖွားဖွားကထတော့တဲ့ ကျောင်းသွားဖို့နောက်ကြနေမယ်တဲ့'

ယမင်းတံခါးခေါက်ပြီး လာနှိုးတာကြောင့် ဆိုဖီမထချင်ဘဲထလိုက်ကသည် မထသေးရင် သူရရှေ့မှာ အမေက ဩဇာသီးတွေ‌ေကြွးနေမှာဆိုးလို့ အမြန်ထလိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်

သူရကတော့ ဆိုဖီကိုအမြဲလာခေါ်သည် ကျောင်းအတူတူတက် ပြန်ရင်လဲ သူကိုယ်တိုင်ပဲလိုက်ပို့ပေးသည်
အရင်ထဲကသူရနဲ့ပဲအတူတူတက် အတူတူပြန်ကသည်

ဆိုဖီရေမိုးချိုးပြင်ဆင်ပြီး အောက်ဆင်းလာလိုက်သည်
Breakfastစားဖို့ စာပွဲဝိုင်းကိုလာလိုက်သည်

'အိပ်ပုတ်မလေး မော်နင်း'

'ဘာအိပ်ပုတ်မလဲ သူရစုတ် '

ဆိုဖီက သူရကိုပြော်ပြီး သူရဘေးခုံမှာဝင်ထိုင်လိုက်သည် မာမီကတော့ ထိပ်ဆုံးမှာထိုင်နေသည်

'နင်လဲနော် ငါ့ကိုကျောင်းသွားဖို့လာခေါ်တာကနဲနဲ ငတ်ချင်တာကများများမလား အာ့ကြောင့် လာခေါ်တယ်အကြောင်းပြပြီး မနက်တိုင်းငါတို့အိမ်မှာလာငတ်နေတာမလား'

'ဆိုဖီဘယ်လိုပြော်နေတာလဲ မာမီမကြိုက်ဘူးနော်'

သမီးဖြစ်သူကို ဒေါ်မာလာ ဟန့်တားလိုက်ကသည်

'မာမီကလဲ သူငတ်လို့ ငတ်တယ်ပြော်တာလေ သမီး ဘာမှားလို့လဲ'

'ဒီ ကလေးမနှယ့်'

'ရပါတယ် မာမီ ပြော်ပါစေ  အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ် လွှတ်ထားလိုက် အဟွန်း'

သူရကနောက်ပြောင်ပြီးပြော်လိုက်တော့ ဆိုဖီကသူ့ကို

'ဘုန်း ဘုန်း ဘုန်း'

'ဟဲ့သမီး ဖယ်စမ်းအဲ့လက် '

ဆိုဖီကိုအရူးလို့ပြော်လိုက်လို့သူရကျောကုန်းကိုဆိုဖီတဘုန်းဘုန်းနဲ့ထုလိုက်သည် မာမီကတော့ ဝင်တားနေသည်

အမုန်းမာန၏~~~နောက်ကွယ်Where stories live. Discover now