Episode 17 (Unicode)

226 27 0
                                    

ဝုန်း!!!

ကိုစောမောင်တစ်ယောက် မြေအောက်ခန်းတံခါးကို ပိတ်ပြီးနောက် မြေအောက်ခန်းထဲ၌ မီးတောက်တွေ က တဖြည်းဖြည်းနှင့် ကြီးထွားလာလေသည်..။

"အား!!!! "

ခရိုနီကြီးထိုင်နေသည့် ထိုင်​ခုံခြေထောက်များက စတင် မီးစွဲလာလေသည်..။

အခန်းတစ်ခုလုံး မီးခိုးငွေ့များလည်း မွှန်ထူလာပြီး အသက်ရှူရ ကျပ်လာလေသည်..။

"စောမောင်!!! မင်း..သစ္စာဖောက်!!! မင်းက ကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ ခွေးပဲ!!! "

ခရိုနီကြီးက တစ်ယောက်တည်း အော်ဟစ်နေပြီး သူ့ရဲ့ အင်္ကျီစတွေ စတင် မီးစွဲလာလေသည်..။

"အား!!! ဟူး..ဟူး..ဟူး.."

သူလည်း အတတ်နိုင်ဆုံး မီးငြိမ်းအောင် လေမှုတ်ကြည့်ပေမဲ့ ဓာတ်ဆီတွေ ရွှဲနေသည့် သူ့အဖို့ မီးက တဖြည်း ဖြည်းနဲ့ စွဲလောင်လာလေတော့သည်..။

"အား!!!! အား!!! ပူတယ်..ပူတယ်.."

ခရိုနီကြီးတစ်ယောက် ရုန်းရင်းနှင့်ပင် အော်ဟစ်နေ သော်လည်း အသံလုံသည့် မြေအောက်ခန်းဖြစ်သောကြောသ့် သူ့အသံကို ဘေးပတ်ဝန်းကျင်က တစိုးတစိ မှ မကြားခဲ့ချေ..။

နောက်ဆုံးတော့ ခရိုနီကြီး ဦးတိုးမောင်စံတစ်ယောက်အပူဒဏ်ကြောင့် အသားတွေပါ လောင်ကုန်ပြီး သေ ဆုံးသွားလေသည်..။ သို့သော်လည်း မီးတွေကတော့ အခုထိ စွဲလောက်နေဆဲဖြစ်သည်..။

ထိုအချိန် ရုတ်တရက်ဆိုသလိုပင် ထိုမီးစွဲလောင်နေသော ခရိုနီကြီး၏ ခန္ဓာကိုယ်ထဲမှ အရိပ်မည်းကြီးတွေ ထွက်လာလေတော့သည်..။

ဟား....

ထိုအရိပ်မည်းကြီးက အခန်းပတ်ပတ်လည် လိုက် သွားနေပြီး နောက်ဆုံးတော့ မီးစွဲလောင်နေသော ခရိုနီ ကြီး၏ ခန္ဓာကိုယ်ရှိနေသည့် နေရာ၏ အရှေ့တည့်တည့် နံရံတွင် ချိတ်ထားသည့် ပုံတူပန်းချီကားထဲသို့ ထို အရိပ်မည်းမကောင်းဆိုးဝါးက စုပ်ဝင်သွားလေသည်..။ သို့နှင့်တပြိုင်နက်တည်းမှာပင်..ပုံတူပန်းချီ ကားထဲမှ ခရိုနီကြီး၏ မျက်လုံးမျက်ဆံက ပိုမည်း နက်သွားပြီး သက်ရှိလူတစ်ယောက်ရဲ့ မျက်လုံး ကဲ့ သို့ မျက်ရည်ကြည်လဲ့သွားလေတော့သည်..။

The House with Full of Secrets [Completed]Where stories live. Discover now