part.9(unicode&zawgyi)

3.2K 128 7
                                    

💞​စေတန်​ရဲ့သတို့သမီး💞

        အပိုင်း(၉)
        💞💞💞

ကား​ပေါ်ကဆင်းလာသူကိုမြင်​လိုက်​တဲ့ခဏ..အသင်​
ဝမ်းသာအားတက်​သွားရသည်​။

"ကို​နေကုဋာ..."

သူ့နာမည်​ကို​ခေါ်ရင်း...အသင်​အားကိုးတကြီး
အထုတ်​အပိုး​တွေဆွဲကာ..သူ့ဆီ​ပြေးသွားလိုက်​မိသည်​။

"ဘာလဲကွ...heroလုပ်​ချင်​တာလား..."

"ဘာအထာလဲ..."

လမ်းသူရဲ၃​ယောက်​က...ဆိုင်​ကယ်​က..တုတ်​ကိုယ်​စီကို
​ဆွဲကာ..သူနှင့်အသင့်နားကို​လျှောက်​လာသည်​။
အသင်​ထိတ်​လန့်သွားရ​ပေမဲ့..သူ့မျက်​နှာက​အေးစက်​​နေ၏။

"​ဟေ့ကောင်​မင်းရဲ့မင်းသားရုပ်​​လေးစုတ်​ပြတ်​
မသွားချင်​ဘူးဆိုရင်​..ငါတို့ဂွင်​ထဲဝင်​မပါနဲ့..ကိုယ့်လမ်း
ကိုယ်​သွားလိုက်​..."

"မင်း..ကားထဲဝင်​​နေလိုက်​.."

သူက..ထိုသူ၃​ယောက်​ကိုစိုက်​ကြည့်​နေရင်းမှ
အသင့်ကိုလှည့်မကြည့်ပဲ​ပြောသည်​။

"ဒါ​ပေမဲ့..."

အသင်​..သူ့ကိုတစ်​​ယောက်​ထဲ..စိတ်​မချနိုင်​တာမို့
အထွန့်တက်​ရန်​ပြင်​လိုက်​စဉ်​...။

"ကဲကွာ..."

"ဝှီး..."

"အမ​လေး..."

ရုတ်​တရက်​..၃​ယောက်​ထဲကတစ်​​ယောက်​ရဲ့လက်​ထဲက
​ဘေ့​စ်​​ဘောရိုက်​တံက​မြောက်​တက်​သွားသည်​။

"ဘုန်း..."

"အား..."

အသင်​...လန့်ပြီး​အော်​လိုက်​မိ​သော်​လဲ..ထိုရိုက်​ချက်​ကို
သူကလွတ်​တယ်​ဆိုရုံ​လေးကိုယ်​ကိုလှည့်ကာ​ရှောင်​လိုက်​ပြီး
မြန်​ဆန်​လှ​သော​ခြေကန်​ချက်​ကထိုသူ့ရဲ့ဝမ်းဗိုက်​ဆီကို
​ပြေးဝင်​သွားတဲ့အခါ....ထိုတစ်​​ယောက်​လဲကျသွားတာပြန်​မထ
နိုင်​​တော့...သူက..ထိုလူလွတ်​ကျသွားတဲ့​ဘေ့စ်​​ဘော
ရိုက်​တံကို​ကောက်​ယူလိုက်​သည်​။

"ချကွာ..အဲ့ဒီ​ကောင်​ကို..."

ကျန်​နှစ်​​ယောက်​ပါသူ့ထံ​ပြေးဝင်​လာပြီး..ရုတ်​ချည်းရန်​ပွဲတစ်​ခုဖြစ်​သွားသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now