Translator : Jinnie Grace
အပိုင်း(၅) : ပျက်စီးကိန်း (ခ)
__________"အဲ့ဒီကျောက်စိမ်းပြားတွေက အပိုင်းအတော်သေးတယ်။ ခုနက ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်တော့ တိရစ္ဆာန်အရိုးတွေလည်းတွေ့သေးတယ်။ ကြည့်ရတာ ဒီနေရာက အနောက်ကျိုးမင်းဆက်ရဲ့ သင်္ချိုင်းမြေပဲဖြစ်ရမယ်"
"ငါတော့ သင်္ချိုင်းမဖြစ်နိင်ဘူးထင်တာပဲ။ သူ့ရဲ့မြေမျက်နှာပြင်အနက်က သင်္ချိုင်းတစ်ခုရဲ့အနက်မဟုတ်ဘူး။ ဒီနေရာက သင်္ချိုင်းဟုတ်ဟုတ် မဟုတ်ဟုတ် ဒီ ကျောက်စိမ်းပြားတေဦု ရှာတွေ့တာနဲ့တင် ဒီနေရာမှာ ကမ္ဘာကြီးကို အံ့အားသင့်သွားစေနိုင်လောက်တဲ့ ရှာဖွေတွေ့ရှိမှုကြီး ရှိမယ်ထင်တယ်။ အဲ့ဒါကြောင့် ငါတို့ဒီနေရာမှာ အဆောက်အဉီးဆောက်ခွင့် ပေးလို့မရဘူး"
"အဟုတ်ပဲ။ ဒီနေရာမှာ ဆောက်လုပ်ရေး သေချာပေါက်ဆက်မလုပ်သင့်ဘူး"
နေ့တစ်ဝက်လောက်နားထောင်တာတောင် အဲ့ဒီအဖိုးကြီးတွေ အသုံးမ၀င်တဲ့ ကျောက်ပြားတွေနဲ့ပတ်သတ်ပြီးပြောနေတာတွေကို ယွင်ရုန်နားမလည်ဘူး။ အခုမြေကြီးထဲမြုတ်နေတဲ့ အဲ့ဒီ ကျောက်စိမ်းပြားတွေက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်က လူသားတွေ ချမ်းသာဖို့ ငြိမ်းချမ်းဖို့ ဆုတောင်တဲ့အခါ အသုံးပြုခဲ့တဲ့ဟာတွေပဲ။
တကယ်တော့ သူမမှာ အဲ့ဒီကျောက်စိမ်းတုတွေနဲ့ပတ်သတ်ပြီး သုံးစရာမရှိဘူး။ တန်းချိုးတောင်တစ်ခုလုံးမှာ အဲ့လိုကျောက်ပြားတွေ ဘယ်နှခုပျံ့နှံ့နေမယ်မှန် သူမလည်းမသိဘူး။ လူသားတွေအဲ့ကျောက်စိမ်းပြားတွေ ဆက်သသ မသသ စိတ်ရင်းအမှန်နဲ့ဆုတောင်းတွေကိုတော့ သူမ လျစ်လျူရှုမှာမဟုတ်ဘူး။
ဒါပေမယ့် သူမ သူတို့ပြောတာတွေနားမလည်လည်းပြဿနာတော့မရှိပါဘူး။ နောက်ထပ် ဆောက်လုပ်ရေးလုပ်ဖုိ့မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို ယွင်ရုန်ကြားသွားပြီလေ။ မနေ့ကရောက်လာတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို ဆက်မလုပ်ဖို့ ဒီအဘိုးကြီးတွေက ကာကွယ်နိုင်တယ်ဆိုရင် ဒီကျောက်ပြားတွေ သူတို့ဆီပေးလိုက်ရလည်း ယွင်ရုန်စိတ်မရှိဘူး။
YOU ARE READING
ငါ့တောင်ကို ဘယ်ကောင်ရွေ့တာလဲ?
Romanceတစ်နေ့သ၌ တောင်တစ်တောင်ကို အပိုင်စားရသည့် ယွင်ရုန်အမည်ရ နတ်မိစ္ဆာတစ်ပါး နှစ်ပေါင်း ၃၀၀၀ နည်းပါး အိပ်ပျေ ာ်နေရာမှ ပြန်နိုးထလာလေတယ်။ ပုံမှန်ဆို သူမကို သာမန်သေမျ ိုး လူသားတို့ ဆုတောင်း ပူဇော်ပသခြင်းဖြင့်သာ နှိုးနိုင်တာ။ ဒါပေမယ့် ဒီတစ်နေ့မှာတော့ မြေတူးစက...