part.10(unicode&zawgyi)

3.5K 133 5
                                    

💞​စေတန်​ရဲ့သတို့သမီး💞

         အပိုင်း(၁၀)
         💞💞💞💞

အသင်​..​အထိတ်တလန့်ဖြင့်​မွေ့ယာ​ပေါ်က​နေကြုံးထရန်​
ပြင်​လိုက်​စဉ်မှာပဲ..သူက..အသင့်ကိုချုပ်​ကိုင်​ထားပြီးသားဖြစ်​
​နေသည်​။

"ဟင့်အင်း...ရှင်​အဲ့လိုမလုပ်​နဲ့​နော်​..အသင်​..ရှင့်ကို
မုန်းလိုက်​မှာ...အမ​လေး..."

အသင်​..နူတ်​က​နေအသည်းအသန်​​ပြော​နေမိစဉ်​
လည်​တိုင်​ကြားထဲကိုသူ့မျက်​နှာတိုးဝင်​လာ​တော့
လန့်​အော်​လိုက်​မိသည်​။

"အီး...ဟီး..ဟင့်.. ဟင့်..."

ဘာမှ​တောင်​..မလုပ်​ရ​သေး..ချုံးပွဲချငို​ကြွေးလိုက်​တဲ့
သူမ​​ကြောင့်​နေ​ခေါင်း​ထောင်​သွားရ၏။

"ဟိတ်​..မငိုနဲ့​လေ.ကိုယ်​မင်းကိုဘာလုပ်​ရ​သေးလို့လဲ"

"ရှင်​..အသင့်ကိုအနိုင်​ကျင့်​တော့မှာ..အသင်​သိတယ်​
​အသင်​နေစရာမရှိလို့..ရှင့်အိမ်​ကိုလိုက်​လာတယ်​
ဆိုပြီး..ရှင်​လူကိုအထင်​​သေးတာ..အီး..ဟင့်..ဟင့်"

မျက်​ရည်​လည်​ရွဲဖြစ်​​နေတဲ့သူမကိုကြည့်ပြီး.​နေ
​တွေခနဲဖြစ်​သွားရသည်​။ကိုယ်​တိုင်​သတိမထားမိခင်​
သူမကိုချုပ်​ကိုင်​ထားတဲ့လက်​​တွေက..ပါး​ပေါ်က
မျက်​ရည်​စ​တွေက်ုညင်​သာစွာ..သုတ်​​ပေး​နေတဲ့
အဖြစ်​သို့​ရောက်​ကုန်​ရသည်​။

"Sorry ကိုယ်​မင်းကိုအဲ့လိုသ​ဘောမထားပါဘူး
တစ်​ကယ်​​ပြောတာ..မငိုနဲ့..တိတ်​​တော့.."

​နေ...​လေ​အေး​နှင့်​ချော့သလို​ပြော​တော့..သူမက
​နေ့ကိုတွန်းဖယ်​ကာ..ထထိုင်​သည်​။ပြီး​တော့မျက်​ရည်​
​တွေကိုလက်​ခုံနှင့်ပွတ်​သုတ်​ရင်း..​နေ့ကိုမ​ကျေမချမ်း
ကြည့်သည်​။

"​နောက်​ဆို..အသင့်ခွင့်ပြုချက်​မရပဲ...အသင့်ကို
မထိပါနဲ့..မဟုတ်​ရင်​..အသင်​ရှင့်အိမ်​မှာလုံးဝမ​နေဘူး"

"အဲ့ဒါ​တော့..​ပြောမရဘူး..."

"ဘာ.."

သူမ​အော်​​တော့..​နေ..ရယ်​လိုက်​မိကာ.ထရပ်​လိုက်​သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now