Ep-9

296 15 1
                                    

သူ ရင်ခွင်မျက်နှာအပ်ကာ တသိမ့်သိမ့်ငိုနေသော သမီး မျက်နှာလေးကို မော့ယူလိုက်ပြီး

"သမီး အဖေကို သေချာကြည့်စမ်း"

အဖေ ၏ တုန်ရီအက်ရှနေသော အသံကြောင့် လွမ်း အဖေကို မော့ကြည့်မိတော့

"အဖေ သမီးကို အရမ်းချစ်တယ်"

"မေမေ ကိုရော "

"ဟင်"

သမီးရဲ့ အမေးကြောင့် ဥက္ကာ သမီးကို အကြောင်သားငေးမိသည့် အထိပင်

ဘာကို ပြန်ဖြေရမည်မှန်း မသိအောင်ပင်

"အဖေ ဖြေလေ အမေကို ချစ်လားလို့"

သိချင်စိတ်ဖြင့် မျက်လုံးအဝိုင်းလေးဖြင့် မေးလာသော သမီးကို သူ ပြုံးပြလိုက်ပြီး

"ချစ် ချစ်ပါတယ် သမီးရယ်"

လွမ်း ဖေဖေ ရင်ခွင်ထဲ တိုးဝင်ကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ပြီး

"မေမေ ကို ချစ်ရင် သမီးနဲ့ မေမေဆီ ပြန်လာခဲ့နော် ဖေဖေ"

သမီး ရဲ့ ဆံနွယ်အရှည်တွေကို ဖွဖွလေး တို့ထိကိုင်ရင်း

"သမီး မေမေက ဖေဖေကို လက်မခံတာ"

"ဖေဖေ"

လွမ်း ဖေဖေ စကားသံကြောင့် ဖေဖေကို မော့ကြည့်ပြီး

"မေမေက ဖေဖေကို စိတ်ဆိုးနေတာပါ ဖေဖေ ပြန်ချော့ရင် မေမေက ပြန်လက်ခံမှာပါ"

"သမီးရယ်"

အဖေ နှင့် အမေ ပြန်ပေါင်းစည်းရေး အတွက် မျှော်လင့်ချက် အပြည့်ဖြင့် ပြောနေသော  သမီးကို သူ သနားဂရုဏာ သတ်စွာဖြင့်

"အင်းပါ သမီးရယ် သမီး စိတ်ချမ်းသာစေရပါမယ် ဖေဖေ ကတိပေးပါတယ်"

"တော်ဝင်ရယ်

ကိုယ့်တို့ကြောင့် သမီးကို စိတ်ဒဏ်ရာမရစေချင်တော့ဘူးကွာ"

မိဘတွေကြောင့် သားသမီးတွေ စိတ်ဒဏ်ရာရလျှင် လမ်းမှားရောက်တက်ကြတာ သိနေလေတော့ သမီးအတွက် အကောင်းဆုံးဖခင်မဖြစ်ခဲ့ရင်တောင် အဖေကောင်း ဖြစ်အောင် သူကြိုးစားမည်သာ~~~~
              ။         ။

"မေမေ"

ဆိုင်ထဲသို့ ပြေးဝင်လာကာ သူမကို ပွေ့ဖက်လိုက်သော သမီးကြောင့် တော်ဝင် ဝမ်းသာသွားရလေသည်

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now