Part-1

2.1K 67 8
                                    

#Unicode

Jeon jungkookဆိုတာ Busanက 16နှစ်ရွယ်ကောင်လေးတစ်ယောက်ဖြစ်တယ်။
‌မိဘတွေနှစ်ပါးလုံးက သူငါးနှစ်သားအရွယ်မှာ Car accidentကြောင့် ဆုံးပါးသွားကြပြီး အ‌ဒေါ်နဲ့အတူနေရင်း ကျောင်းတတ်နေသည်သည်။

ကျောင်းသွားချိန်မှာ ကျောင်းသွားစာကြိုးစားပြီးကျန်တဲ့အချိန်မှာ အဒေါ့်ရဲ့ခေါက်ဆွဲဆိုင်လေးမှာ ဝိုင်းကူပေးရတယ်။
တစ်ခါတစ်လေကျရင်တော့ ရပ်ကွက်ထဲက ကလေးတွေကို စာသင်ပေးတတ်သည်။

သူရဲ့ဘဝက သာမန်ရိုးရိုးရှင်းရှင်းလေးပေမဲ့ တစ်နေ့မှာ သူ့ရဲ့ဘဝကို ကောင်လေးတစ်ယောက်ဝင်လာတဲ့အချိန်မှာ ပြောင်းလဲသွားခဲ့တယ်။
အာ့ကောင်လေး က သူ့ဘဝကိုဆိုးမိုးသွားခဲ့တယ်။
ခြေလှမ်းဆိုတာ မလှမ်းခင်ကတည်း စဥ်းစားရတယ်။
‌ေ‌ခြလှမ်းမှားသွားရင် ဒုက္ခရောက်ပေလိမ့်မည်။
ခြေလှမ်းတစ်လှမ်းမှားပြီဆို နောက်သုံးလှမ်းဆုတ်ရလိမ့်မည်။
သူလည်း ‌မစသင့်တဲ့‌ခြေလှမ်းတစ်လှမ်းကိုမစခဲ့သင့်ဘူး။

အဲ့ဒီနေ့က Jungkookသာမန်နေ့တွေလိုပဲ နိုးထလာခဲ့တယ်။
အိပ်ရာထပြီ မျက်နှာသစ်ကာ အဒေါ့်ရဲ့ဆိုင်ခန်းကို ဝိုင်းကူဖွင့်ပေးရသည်။
လူချမ်းသာတွေမဟုတ်ပေတော့ ဝမ်းစာအတွက် ရှာဖွေကြရသည်။
ဒေါ်လေးမှာက အိမ်ထောင်လည်းမရှိ အပျိုကြီးတစ်ယောက်ဖြစ်ပြီး သူ့အပေါ်လည်း သားတစ်ယောက်ရင်းချာဂရုစိုက်ပျိုးထောင်ပေးသည်။

"‌သားလေး ကျောင်းချိန်နီးနေပြီ အဝတ်အစားလဲပြီး ကျောင်းသွားတော့လေ"

စားပွဲခုံကို အဝတ်သုတ်နေတုန်း ဒေါ်လေးကကျောင်းသွားဖိူ့ပြောလာမှ အချိန်ကိုကြည့်မိတော့ ကျောင်းချိန်ကအတော်ပင်နီးနေသည်။

အိမ်ပေါ်ထပ် အခန်းထဲအမြန်သွားပြီးကျောင်းဝတ်စုံလဲရသည်။
ကျောင်းချိန်နီးနေတော့ မနက်စာစားဖိူ့လည်းအစီစဥ်မရှိတော့ပေ..

"ဒေါ်လေးသားသွားတော့မယ် "

"အေးသားလေးရေ ဂရုစိုက်သွားနော်
ရော့ရော့ မုန့်ဖိူးယူသွားအူံး"

ဒေါ်လေးက အဆင်အရမ်းပြေနေတဲ့လူမဟုတ်တော့ မုန့်ဖိုးလည်းမယူချင်ပေ..
ကိုယ်စုထားတာလေးတွေထဲကပဲ လိုအပ်တာတွေအတွက်သုံးဖြစ်သည်။

STEP(Rest)Where stories live. Discover now