#Unicode
ဒီနေ့ ကျောင်းသွားဖို့ စက်ဘီးကိုထုတ်လိုက်ပြီး.. စီးမလို့ထိုင်ခုံပေါ်ထိုင်ကာနင်းလိုက်ပေမဲ့ စက်ဘီးကနင်းရတာအဆင်မပြေ။
စက်ဘီးကိုစစ်ကြည့်လိုက်တော့ နောက်ဘီးက တာယာကွဲနေသည်။
ဒီလိုပုံနဲ့ဆို စက်ဘီးနဲ့သွားဖို့ အဆင်မပြေတာကြောင့် စက်ဘီးကိုပြန်ထားလိုက်ပြီး Busကားဂိတ်ကို ထွက်လာခဲ့တယ်။နွေးထွေးတဲ့နေရောင်ရဲ့အောက်မှာ ပန်းပင်လေးတွေက အပွင့်မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ဖူးနေကြသလို ငှက်လေးတွေဟာလည်းအစာရှာကြဖို့ ဟိုဟိုဒီဒီပြန်သန်းသွားလာနေကြသည်။
ဖြတ်တိုက်လာတဲ့လတ်ဆတ်တဲ့လေဟာ တစ်နေ့ကုန်ဖြတ်သန်းရမည့်ကိစ္စတွေအတွက် အားအင်ဖြစ်စေသည်။
မူကြိုသွားဖို့ထွက်လာကြတဲ့ ကလေးလေးတွေက ကောင်းကင်ပေါ်ကရွေ့လျားနေတဲ့တိမ်ဆိုင်တွေလို ဖြူစင်လှသည်။ငယ်ရွယ်ဖြူစင်တဲ့ကလေးဘဝဟာ လူတိုင်းအတမ်းတရဆုံးအချိန်ပင်။
ဖေဖေနဲ့မေမေတို့ရဲ့ မေတ္တာအချစ်တွေအောက်မှာ ကလေးဘဝတွင်သာခိုလှုံခဲ့ရပေမဲ့ ခုထက်ထိမမေ့နိုင်။
မေမေတို့ကို ပြန်ခေါ်ပေးဖို့ ငယ်ငယ်ကဆုတောင်းခဲ့ပေမဲ့ ခုအချိန်မှတော့ ကိုယ်ခြေထောက်ကိုယ်အားကိုးပြီး အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာဖို့သာ ကြိုးစားနေတော့တယ်။Busကားဂိတ်ကို ရောက်တော့ ကားကထွက်တော့မှာမလို့ အမြန်ပင်ပြေးတတ်လိုက်ရသည်။
ကားဆရာကို ပိုက်ဆံပေးပြီး လူလွတ်နေတဲ့နောက်ဆုံးအတန်းမှာ ဝင်ထိုင်လိုက်တယ်။နားကြပ်လေးတပ်ပြီ ကိုယ်သဘောကျရတဲ့သီချင်းလေးဖွင့်လိုက်သည်။ ပြတင်းပေါက်ဖွင့်လိုက်တော့ တိုက်နေတဲ့လေအေးရဲ့အရသာကို ခံစားနေရတာကို အတော်ကိုသဘောကျနေမိသည်။
ပြတင်းပေါက်ကနေ ဖြတ်ဝင်လာတဲ့ ချိုချဥ်စုတ်လုံးတစ်ခုက ခေါင်းကိုဒုတ်ခနဲ့ လာမှန်လို့ ဘေးဖက်ကိုတစ်ချက်ဝေ့ကြည့််ပြီး ဘယ်ကလာလဲ ရှာလိုက်တော့ မြင်လိုက်ရတာက တစ်ဖက်ကအနက်ရောင်ကားကြီးပေါ်က မာနကြီးသူဌေးသားကောင်။
"ဘာလဲ "ဆိုပြီ မျက်ခုံးပင့်ပြီမေးလိုက်တော့ စပ်ဖြဲဖြဲလာလုပ်ပြနေတယ်။
ရုပ်လေးကချောသလို မာနကလည်းကြီးတယ်။ တစ်ခါတစ်လေတော့ အခုလို ပေါတောတောပုံလေး။
STAI LEGGENDO
STEP(Rest)
FanfictionJJK & KTH ခြေလှမ်းဆိုတာ မလှမ်းခင်ကတည်း စဥ်းစားရတယ်~ ေခြလှမ်းမှားသွားရင် ဒုက္ခရောက်ပေလိမ့်မည်~ ခြေလှမ်းတစ်လှမ်းမှားပြီဆို နောက်သုံးလှမ်းဆုတ်ရလိမ့်မည်~ သူလည်း မစသင့်တဲ့ခြေလှမ်းတစ်လှမ်းကိုမစခဲ့သင့်ဘူး~