part.12(unicode&zawgyi)

3K 127 5
                                    

💞​စေတန်​ရဲ့သတို့သမီး💞

       အပိုင်း(၁၂)
       💞💞💞💞

"သခင်​​လေး..."

သူမအခန်းထဲကထွက်​လာတာနှင့်..​နေ့​ရှေ့ကို​ရောက်​
လာသူက..အန်​ကယ်​ဂျိမ်း..

"အန်​ကယ်​..အ​စောကြီးရှိ​သေးတယ်​..နိုး​နေတာလား"

​နေ့..အ​မေးကိုအန်​ကယ်​ကမ​ဖြေပဲ..မျက်​ဝန်း​တွေက
သူမအခန်းဆီ​ရောက်​သွားခဲ့ပြီး...

"သခင်​​လေး..တစ်​ညလုံးအဲ့ဒီ့က​လေးမနဲ့..အတူ
ရှိ​နေတာလား..."

အန်​ကယ်​..ဘာကိုဆိုလိုတာလဲဆိုတာ..​နေနားလည်​လိုက်​​တာမို့
လက်​တစ်​ဖက်​ကိုအသာ​မြှောက်​ကာပြလိုက်​ရင်း...။

"ရှိ​နေတာ​တော့ဟုတ်​တယ်​..ဒါ​ပေမဲ့..အန်​ကယ်​ထင်​သလို​တော့
မဟုတ်​ဘူး..."

ဂျိမ်း..တစ်​ခုခုထပ်​​ပြောရန်​ပြင်​လိုက်​စဉ်​..ဖြူ​ဖျော့
​နေသည့်..သခင်​​လေးရဲ့မျက်​နှာကိုသတိထားလိုက်​
မိတာမို့...။

"သခင်​​လေး..​နေမ​ကောင်းဘူးလား...ထပ်​ပြီး
​ခေါင်းကိုက်​ပြန်​ပြီလား..."

အန်​ကယ်​ဂျိမ်း..စိုးရိမ်စွာ​မေး​တော့..​နေ​ခေါင်းခါ
လိုက်​ကာ...။

"နည်းနည်းပါ......အန်​ကယ်​.."

​ပြော​နေရင်း..အန်​ကယ့်ကိုကြည့်ကာ​နေ​ခေါ်လိုက်​သည်​။

"​ပြောပါ..သခင်​​လေး.."

"ကျွန်​​တော့်မှာ..အတိတ်​မ​မေ့ခင်​တုန်းက..ညီမ​တွေ
ဘာ​တွေများ..ရှိခဲ့လား..."

"ဗျာ..."

​နေ့စကား​ကြောင့်..အန်​ကယ်​ဂျိမ်း..မျက်​နှာကွက်​
ခနဲပျက်​သွားသည်​။

"ဘာလို့အဲ့လို​မေးတာလဲ..သခင်​​လေးရဲ့..သခင်​​လေးက
သူ​ဌေးကြီးရဲ့တစ်​ဦးတည်း​သောသား​လေ..သခင်​​လေးမှာ
ညီအစ်​ကို​မောင်​နှမ​တွေမှမရှိတာပဲ.."

ဂျိမ်း..အတတ်​နိုင်​ဆုံးအမူအယာမပျက်​​အောင်​​ပြောရင်း
မျက်​ဝန်း​တွေကသခင်​​လေးကို..အကဲခတ်​​နေမိသည်​။

"ဒါနဲ့..သခင်​​လေးကဘာလို့အဲ့လို​မေးတာလဲ..
မှတ်ညဏ်​တစ်​စွန်းတစပြန်​​ပေါ်လာလို့လား.."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now