part.13(unicode&zawgyi)

3.1K 132 2
                                    

💞​စေတန်​ရဲ့သတို့သမီး💞

           အပိုင်း(၁၃)
           💞💞💞💞

"အမ​လေး..အသင်​ရယ်​..နင်​..ဒီ​လောက်​ဒုက္ခကြုံ
​နေရတာ...ငါ့ကို..အခုမှ​ပြောရလား..."

အသင်​..တိုက်​ခန်းကဆင်းလာရပြီး..​နေစရာရှာ​နေတဲ့
အ​ကြောင်းကို...ကြည်​နူးကို​ပြောပြလိုက်​သည်​။
ဒါ​ပေမဲ့.. သူအိမ်​​ခေါ်သွားခဲ့တယ်​ဆိုတဲ့အ​ကြောင်းကို​တော့..
မ​ပြောပြဖြစ်​ပါ..မဟုတ်​ရင်​ပိုပြီးရူပ်​ကုန်​မှာကိုသိ​နေသည်​။

"ငါလဲ..နင်​ငါ့အတွက်​စိတ်​ဒုက္ခ​ရောက်​မှာစိုးလို့ပါ...
နင့်မှာလဲ...နင့်အပူနဲ့နင်​​လေ..."

"နင်​...အခုဘယ်​မှာ​နေနေတာလဲ...."

"တည်းခိုခန်းတစ်​ခုမှာ​နေ​နေတာ..."

အသင်​...လိမ်​လိုက်​မိသည်​။

"မိန်းက​လေးတစ်​​ယောက်​ထဲ...တည်းခိုခန်းမှာ..​နေ
​နေတာမ​ကောင်းဘူး​နော်​...အသင်​..."

"ငါလဲသိပါတယ်​...အဲ့ဒါ​ကြောင့်..ငါလဲ​နေစရာ
အမြန်​ဆုံးရှာချင်​တာ​ပေါ့..​လော​လောဆယ်​ငါ့လက်​ထဲမှာ
ပိုက်​ဆံက၂သိန်း​တောင်​မပြည့်ဘူး...ဒီ​နေ့လစာထုတ်​မှ
​ငွေပို​ငွေလျံထွက်​လာမှာ..."

"​ဈေးသက်​သာတဲ့တိုက်​ခန်းတစ်​ခု..အမြန်​ဆုံး
ရှာရမှာ​ပဲ..မိန်းက​လေးတစ်​​ယောက်​ထဲ​နေဖို့ကျ​တော့
တိုက်​ခန်းမှသင့်​တော်​မှာ...အသင်​ရဲ့..."

"ကြည်​နူး...ဒီကိစ္စ​တွေအဘွားလုံးဝမသိပါ​စေနဲ့​ဟာ..
ငါနေစရာအတည်​တကျဖြစ်​​တော့မှပဲ..အဘွားကို
​သေချာ​ပြောပြလိုက်​မယ်​.."

"​အေးပါ..အသင်​ရယ်​...ဒါနဲ့..နင်​အခုလို​နေစရာ
ဒုက္ခ​ရောက်​​နေတာ...​နေကုဋာကဒီအတိုင်းကြည့်
​နေတာလား...​နောက်​ဆုံး​ပေါ်ပြိုင်​ကားတစ်​စီးလုံး​တောင်​
​ပေးထားပြီး..နင့်အတွက်​​နေစရာ​လေး​တောင်​..
မစီစဉ်​​ပေးဖူးလား..."

"ငါ..သူ့ကားကိုပြန်​​ပေးလိုက်​ပြီ....."

အသင်​..ထိုစကားအပြင်​ထပ်​မ​ပြော​ပေမဲ့..ကြည်​နူးက
သ​ဘော​ပေါက်​လွယ်​သူမို့....။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now