Dreamer (အိမ်မက်သူ)

169 33 0
                                    


Dreamer..  ( Part 14 )

😇 😇 😇 😇 😇

" ကဖွန် !!

ဟာ ! အန်တီ .. !!

သူ့အခန်းထဲဝင်လာတဲ့ ဒေါ်ခွန်ရိုစ်ကို
တွေ့လိုက်တဲ့ဒေါက်တာကဖွန်
ထိတ်လန့်တကြား ဖြစ်သွားတယ်

" ကဖွန် , MEW  သူ့ခြံက အလုပ်သမားနဲ့
ကြိုက်နေတယ်ဆို  "

MEW  သူငယ်ချင်းဖြစ်တဲ့
ဒေါက်တာကဖွန်ကို တွေ့တာနဲ့ သူသိချင်တဲ့အကြောင်း တိုက်ရိုက်ပဲ ဒေါ်ခွန်ရိုစ်
မေးလိုက်တယ် ..

ဒေါက်တာကဖွန် ခေါင်းမွှေးထောင်သွားတယ်

ဘယ်သူကများ
အတို့အထောင်လုပ်လိုက်ပါလိမ်!!

" မဟုတ်ပါဘူး အန်တီ "

" အဲဒီတစ်ယောက်က ဘယ်သူလဲ "

အသေချာအတိအကျကို သိထားလို့
သူ့ကို လာမေးတယ်ဆိုတာ
ကဖွန် ရိပ်မိလိုက်တယ် ..

" အန်တီ ကျတော်ပြောပြလို့မရဘူး "

" ဘာလို့ပြောမရတာလည်း "

" MEW ကျတော်ကို မပြောခိုင်းဘူး
သူ သိရင် သတ်လိမ့်မယ် "

‌‌ဒေါက်တာကဖွန်ကို ဒေါ်ခွန်ရိုစ် မျက်စောင်း
ထိုးလိုက်တယ် ..

သားအမိနှစ်ယောက်ကြား
ကဖွန် ရူးချင်လာတယ်

" ကောင်းပြီလေ မင်းတို့မပြောလည်း . 
အန်တီကတော့ ကိုယ့်အစီအစဉ်တိုင်းပဲ
ဆက်လုပ်မယ် "

ဒေါ်ခွန်ရိုစ် သူ့အခန်းက ပြန်သွားတာနဲ့ 
MEW အခန်း ကဖွန် ပြေးပြီး အကြောင်းစုံသတင်းပို့ရတော့တယ် ..

" မဲ့ ဘာတွေစီစဉ်ထားလဲ
မင်းမမေးလိုက်ဘူးလား ကဖွန် "

" ရူးနေလား ! မင်းအမေငါ့ကို စိတ်ဆိုးနေတာ
ဘယ်လိုလုပ် မေးရမလဲ "

" ကဲ ငါ ပြောပြီးပြီ သွားတော့မယ် "

" ကဖွန် ငါ့ကို တခု‌ကူညီပေးစမ်းပါ "

ခိုင်းလို့ကိုမပြီးနိုင်ဘူးဆိုတဲ့အတွေးနဲ့
MEW ကိုကြည့်ပြီး
ကဖွန် မျက်စောင်းထိုးပြီး ဘာလဲဆိုတဲ့
အကြည့်နဲ့ မေးဆတ်ပြလိုက်တယ် ..

Dreamer  (အိမ်မက်သူ)Where stories live. Discover now