စိတ်ဓာတ်ကျတယ်ဆိုတာ ကျွန်တော့်အတွက်ခက်ခဲပါတယ်။ မွေးကတည်းကသေလူအဖြစ်သတ်မှတ်ခံထားရပြီးမှတော့ ဒီလောက်ထိနေနိုင်တာတင်ကျေးဇူးတင်သင့်တာလေ။ ဒါကြောင့်ကျွန်တော်နေပျော်ပါတယ်။
အနည်းဆုံးတော့နေရတာနည်းခဲ့ရင်တောင်မှ ဒီဘဝမှာတင် ကိုကိုနဲ့ကျွန်တော်တွေ့ခွင့်ရတာမို့ပါ။
// Rhythm of You //
ထယ်ယောင်းဒီနေ့ညအိမ်ပြန်ရောက်တာနောက်ကျသည်။ မကြီးကလည်း ညနေကမှအရေးပေါ် Operationဝင်ရမည်ဆို၍ဒီနေ့ညအိမ်ပြန်မလာတော့ဘူးဟု ဖုန်းဆက်သည်။ ဒါနဲ့ပဲသူလည်း အိမ်ရောက်ရောက်ချင်း ငြီးစီစီနဲ့နေလို့မကောင်းတာကြောင့် အခန်းထဲဝင်ရေမိုးချိုးချလိုက်သည်။
အဝတ်စားလဲပြီးနောက် ထယ်ယောင်းပင်ပန်းနေတာမို့အထူးတလေမလုပ်ချင်တော့။ ရေခဲသေတ္တာထဲကရှိတဲ့တစ်ချို့ကိုသာ ရိုးရိုးရှင်းရှင်းပဲချက်ပြုတ်စားလိုက်၏။
"အိပ်ပြီလား မသိဘူး"
ညပိုင်းတစ်ခါစာပြန်ကြည့်ပြီး အိပ်ရာဝင်တော့အချိန်က ဆယ်နာရီခွဲလုနေလေပြီ။ မအိပ်ခင်တင်စိတ်ထဲသတိရလာတာမို့ အပြန်အလှန်စကားပြောထားတဲ့Chatထဲဆီဝင်ပြီး သူ့ကပြားမလေးဆီ ထယ်ယောင်းစာပို့လိုက်သေးသည်။ အများကြီးတော့မဟုတ်ပါ။ ရိုးရိုးရှင်းရှင်းလေးပါပဲ
*အွန်းမီ အိပ်နေပြီလား*
ဟု။ ချက်ချင်းတင်ပြန်လာသည့်စာလေးကြောင့် Replyကြာတာမကြိုက်တဲ့ထယ်ယောင်းအလိုက်သင့်ပြုံးလိုက်မိသည်။
*မအိပ်သေးဘူးရှင့် ကိုယောင်း*
*ဒီနေ့ကိစ္စအတွက် ကျွန်တော်အားနာလို့ပါ*
*ဟုတ် ရပါတယ်နော် ကိုယောင်း အွန်းမီနားလည်ပါတယ်*
*ကျေးဇူးတင်ပါတယ်*
*ဒါဆိုအွန်းမီအိပ်တော့မယ်နော် ကိုယောင်း ကိုယောင်းလည်းကောင်းကောင်းအိပ်ပါ မနက်ဖြန်မှတွေ့ပါ့မယ်ရှင့်*
*ဟုတ်ကဲ့ဗျ Goodnightပါ*
Endသွားတဲ့Conversationကိုကြည့်ခဲ့ရင်း ခုမှစိတ်အေးလက်အေးဖြင့် ကိုင်ခဲ့သည့်ဖုန်းကိုလွှတ်ချသည့်အခါ ဘုတ်ခနဲရင်ဘတ်ပေါ်ပြုတ်ကျသည်။ တကယ်ဗျာ။ ဒီကောင်မလေးရဲ့ ကိုယောင်းလို့တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်တစ်ခါတုန်ရတယ်။ သူမဘက်ကရိုးရိုးသားသားခေါ်တာဖြစ်နိုင်သော်ငြား ထူးထူးခြားခြားတွေးချင်လာတဲ့စိတ်ကကျွန်တော်ပိုင်တာပဲမို့။ တကယ်ပဲခက်ရချည်ရဲ့နော်။
YOU ARE READING
Rhythm of You 𐤀 [Completed]