အခန်းငယ်(၄)

333 31 9
                                    

Unicode
********

ဘိလပ်ရည်မှကြိုက်တတ်တဲ့ပျို့နဲ့ မြန်မာ့ရေနွေးကြမ်းမှစွဲစွဲမြဲမြဲသောက်တတ်တဲ့မောင်ကတကယ့်ကိုမအပ်စပ်လှသည့်အတွဲအဖက်ပင်။

"ပျို့ဆီမနက်စာလာစားဖို့သဘောတူတာသိပ်ဝမ်းသာတာပဲ မောင်
မောင်ကအခုဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာသေချာသိနေပြီပဲ"

ပျို့မာမီကတော့ ပျို့သဘောဆိုတစ်ခွန်းမှမငြင်းသူမို့မောင့်အလာကိုကြည်ဖြူပေမဲ့ ဒယ်ဒီကတော့ မနက်တည်းက တောက်ခေါက်လို့ထွက်သွားပြီ။

"အပိုတွေမပြောနဲ့ ကြင်နာရပျို့ ငါအခုလာတာ မင်းကိုသတိပေးမလို့"

မောင့်အတွက်ကြက်ဥပြုတ်ခွာပေးရင်းက ပျို့ သိချင်ဟန်ဖြင့်မေးလေးတစ်ချက်ဆတ်ပြလိုက်သည်။

"နော်ခက်ကို မနေ့က ဘာအချိုးချိုးသလဲ သူအခုရုံးတောင်မလာရဲဘူး အဲ့ဒါမင်းသိလား မိန်းကလေးတစ်ယောက်ရဲ့အရှက်သိက္ခာကို မင်းငဲ့ဖို့ကောင်းတယ် ငါ့ကြောင့် သမုတ်ခံရတာက ငါ့အတွက်ပိုခံရခက်တယ်ကွ နားလည်လား"

ပျို့ ရှာမီးလ် ကိတ်ကို ကာဖီနဲ့တို့ကာ တစ်လုတ်ကိုက်ရင်း မောင့်စကားကို ဘေးဖယ်ထားလိုက်၏။

ပျို့သည်လိုဂရုမစိုက်ပုံက သူ့ဒေါသ ပိုကြွမှာအမှန်ပဲလေ။

သို့သော်...

"ဒါ ဘာလုပ်တာလဲ မောင်"

စားနေရင်းကုလားထိုင်‌ပေါ်ကထလို့ အောက်မှာဒူးထောက်လိုက်တဲ့မောင်က မိန်းမတစ်ယောက်ကြောင့်တဲ့လား။

"ငါ့ဘဝကိုသည့်ထက်မဖျက်ဆီးဖို့ မင်းကို ငါဘာတွေလုပ်ပေးရမလဲ ပျို့..."

ပျို့ ကာဖီခွက်ကို ချလိုက်ကာလက်သုတ်ပုဝါဆွဲယူလိုက်သည်။

တခစ်ခစ်ရယ်မောရင်းကမောင့်ဆီ လက်သုတ်နဲ့ ပစ်ပေါက်လိုက်ပါသည်။

"ရယ်ရတယ်နော် မောင်
မောင့်ဆီက ပျို့လို့ခေါ်တာခံရဖို့ အဲ့မိန်းကလေးကို များများသမုတ်ရမဲ့ပုံပဲ အဟင်းဟင်း..."

*မောင်က ပျို့လောက်နီးပါးရက်စက်တဲ့သူပဲမောင် ပျို့နဲ့မောင့်ကြား အချစ်ဆိုတဲ့ အက္ခရာ မရှိလာလို့ဘာမှမဖြစ်ပါဘူး ဒါမဲ့ မောင့်မှာ ဘေးသူစိမ်းအချစ်ရှိလို့တော့မဖြစ်ဘူး မောင် ပျို့က ကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုကို သူများနဲ့ မျှဝေသုံးစွဲနေရလောက်အောင်သဘောကောင်းမနေပေဘူး*

မောင်မချစ်ရWhere stories live. Discover now