part 60 (uni/zawgyi)

35.2K 951 167
                                    

🛡️Dear Neighbour Girl🛡️
(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)
~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(60)

ကိုကိုဒီညအိမ်ပြန်နောက်ကျမယ်သဲငယ် ထမင်းစားထားလိုက်နော်တဲ့ ဆိုတဲ့messageကြောင့် ကိုကိုအလုပ်တွေများနေပါလား ပင်ပန်းနေတော့မှာပဲ လင်းက အိမ်မှာဇိမ်နဲ့နေနေရသလောက်ကိုကိုကတော့အလုပ်တွေလုပ်နေရတာစဥ်းစားမိတော့စိတ်မကောင်း.....

ထိုစဥ် မမခေတ်တစ်ရာခင်ဆီကနေဖုန်းဝင်လာလေသည်....

"အတည်ရေ"

"ရှင့် မမ"

"ကိုလင်းခေတ် အိမ်ရောက်ပြီလား"

"မရောက်သေးဘူး မမ ကိုကိုက ဒီည အလုပ်ရှိလို့နောက်ကျမယ်ပြောတယ်"

"ဒါဆို သေချာနေပါပြီ"

"ဘာလို့လဲ မမရာရဲ့"

"ကို ဆီ ညနေက Message ပို့တာတွေ့လို့ ဒီည clubကိုလာခဲ့ဆိုပြီး"

"ဟင် ဟုတ်လား Lynn Paradiseကclubကိုလား"

"မမကတော့ အဲ့လိုထင်တာပဲ "

"လင်းကိုပြောတော့သူအလုပ်ရှိလို့တဲ့"

"မမအထင် သူတို့နှစ်ယောက်တည်းတော့မဖြစ်နိုင်ဘူး အပေါင်းအဖော်တွေပါမယ်ထင်တယ် မမမေနိုင်ဆီ Group callခေါ်ပြီး မေးရအောင်"
_
_
_
_
_
"ကိုကိုကလည်း ဒီည ကိစ္စရှိလို့နောက်ကျမယ်ပြောတယ် ရာရာရေ"

"သေချာတယ် ဒင်းတို့ clubတက်ဖို့ပဲ"

"ပျိုးလက်လေးကောသိလားမသိဘူး"

"ပျိုးလေးက မီးနေသည် ကလေးမွေးထားတာ မပြောပါနဲ့ ဒီကိစ္စ "

"ဒါဆို လင်းတို့ဘာဆက်လုပ်ကြမလဲ"

"လိုက်သွားရမယ် လေ အတည်ရဲ့"

"လင်းကလိုက်တာကလွယ်တယ် မမတို့က ကလေးတွေနဲ့ဘယ်လိုလုပ်မလဲ"

"ရတယ် ကလေးကို ယောက္ခမထိန်းလိမ့်မယ်"

ရှင်းကမ္ဘာထွယ်ရဲ့မေမေက ဒေါ်ထိပ်ထားစံလက်ထဲ အပ်ခဲ့မည်တဲ့....

"မမမေနိုင်ကော"

"ရတယ် ယောက္ခမအိမ်ကလေးနှစ်ယောက်ကိုဝင်ပို့ခဲ့မယ်"

"လင်းရော မမမေနိုင်ရော လှလှလေးပြင်ခဲ့နော်
ဒင်းတို့က Clubတက်တာဆိုတည်းက လန်းနေမှာ ကိုယ်တွေ ဖိုသီဖတ်သီလိုက်သွားရင် မယားကြီးတွေအိမ်ကလိုက်လာပြီး မယားငယ်လာဖမ်းတယ် ထင်ကြနေလိမ့်မယ်"

🛡️Dear Neighbour Girl(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)🛡️Where stories live. Discover now