part.14(unicode&zawgyi)

2.9K 114 7
                                    

💞​စေတန်​ရဲ့သတို့သမီး💞

         အပိုင်း(၁၄)
         💞💞💞💞

"အရမ်းကြည့်​ကောင်းတာပဲ.."

"ဟုတ်​တယ်​..bodyကလဲလုံးဝအမိုက်​စား​နော်​.."

"smartကျလွန်းပါတယ်​ဟာ..လုံးဝအလွင့့်ပဲ.."

ကုန်​တိုက်​ထဲက..​ရေခဲမုန့်ဆိုင်​မှာ...သူနဲ့အသင်​.
ထိုင်​မိကြပြန်​​တော့..ခပ်​လှမ်းလှမ်းက..ဝိုင်းမှာထိုင်​​နေသည့်..
ခတ်​ဆန်​ဆန်​မိန်းမငယ်​​လေးတစ်​စုရဲ့..အသံလွင်​လွင်​
​လေး​တွေက...အသင်​တို့ဝိုင်းအထိကြား​နေရသည်​။

အသင်​...မသိမသာလှည့်ကြည့်မိ​တော့..​ကောင်​မ​လေး
အုပ်​စုရဲ့မျက်​လုံး​တွေက..အသင့်​ရှေ့မှာ..စမတ်​ကျကျ
ထိုင်​​နေရင်း.​....ဖုန်းကြည့်​နေတဲ့သူ့ဆီမှာ...။ကြား​အောင်​
တမင်​​ပြော​နေတဲ့အသံ​တွေမို့.....သူလဲ..ကြားမှာပင်​..
ဒါ​ပေမဲ့သွားတဲ့​နေရာတိုင်း..လူသတိထားမိ​စေတဲ့..
ပုံစံမျိုးနှင့်သူ့အတွက်​​တော့..ဒါ​တွေကရိုး​နေပြီ
ထင်​သည်​။မျက်​ဝန်း​တွေက..​ယောင်​လို့​တောင်​..
ထိုမိန်းက​လေး​တွေဆီ​ရွေ့မသွား.......။

"ကဲလိုက်​ကြတာ..မိန်းက​လေး​တွေဖြစ်​​နေပြီး​တော့.."

အသင်​..ခပ်​တိုးတိုး..​ရေရွတ်​ရင်း..​ရေခဲမုန့့်ကိုသာ
ဆက်​စား​နေလိုက်​သည်​။

က​လေးလိုမျိုး..​ရေခဲမုန့်ကိုသာမဲပြီးစား​နေတဲ့.
သူမကိုကြည့်ပြီး..​နေ.ဒီ​နေ့အတွက်​..ဘယ်​နှစ်​ကြိမ်​
​မြှောက်​မှန်းမသိပြုံးလိုက်​မိသည်​။သူမက..​ရေခဲမုန့်
ကုန်​သွား​တော့မှ..​ခေါင်း​မော့​ဖော်​ရသည်​။

"​တော်​ပြီလား..ထပ်ယူဦးမလား.."

"နှစ်​ခွက်​​တောင်​..စားထားတာ​လေ..​တော်​ပြီ..
အီသွားပြီ..."

"​တော်​​သေးတာ​ပေါ့.."

သူကရွဲ့သလို​ပြော​တော့..အသင်​..မျက်​​စောင်းထိုး
လိုက်​မိသည်​။

"ဒီနားလာခဲ့.."

သူကစားပွဲ​ပေါ်လက်​တစ်​ဖက်​​တင်​လိုက်​ရင်း
အသင့်ကို..အ​ရှေ့တိုးလာခဲ့ဆိုသည့်သ​ဘောနှင့်
လက်​ယပ်​ပြသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now