စာမေးပွဲဖြေဆိုပြီးသည့်နောက်နေ့တွင် ထည်ဝါတို့လိုဂျူနီယာများနှင့်ကျောင်းမှစီနီယာများပါဝင်သော ကျန်းမာရေးအသိပညာဟောပြောပွဲသွားရန် ၃ညအိပ်ခရီးတိုလေးတစ်ခုကို ကျောင်းမှစီစဉ်ပေးထား၏။သွားရမည့်နေရာကို မဲနှိုက်ကြရသည်။ထည်ဝါတို့အဖွဲ့ဝင် ၁၅ယောက်သည် ရှမ်းပြည်နယ်၊လင်းခေးမြို့အနီးရှိရွာလေးတစ်ရွာသို့မဲကျ၏။
နံနက်ခင်း၏အရုဏ်ဦးအလင်းရောင်ကိုမမြင်ရသေးခင် ထည်ဝါကတော့အဆင်သင့်ဖြစ်နေ၏။ကျောပိုးအိတ်ထဲတွင်အဝတ်အစား၊ဖိနပ်အပိုနှင့် ဓာတ်မီးကအစ အခြားလိုအပ်သည့်ပစ္စည်းများကို ထည့်ထားလိုက်သည်။ရှမ်းပြည်နယ်ဘက်သည် ရန်ကုန်ရာသီဥတုထက် ပို၍အေးတာကြောင့်အနွေးထည်တို့ကိုပါထည့်ထားလိုက်သည်။
လွယ်အိတ်ကိုကျောတွင်လွယ်ကာ လက်တစ်ဖက်မှလည်းခရီးဆောင်အိတ်တစ်လုံးကိုဆွဲထားလိုက်သည်။ထည်ဝါသည် အနက်ရောင်body fitအင်္ကျီကိုဘောင်းဘီအနက်ဖြင့်တွဲဝတ်ထားပြီး အပေါ်မှlong coatအရှည်ကိုထပ်ထားသေး၏။အသားညိုသူဖြစ်ပေမယ့် ထည်ဝါ့ပုံစံသည်မိမိုက်နေ၏။ကိုကိုသည်လည်းခရီးသို့လိုက်မည်ဖြစ်ရာ ကိုကို့အခန်းဆီသို့ထည်ဝါသွားလိုက်၏။
"ဒေါက် ဒေါက် "
"ကိုကို ထည်ထည်ပါ"
"ဝင်ခဲ့လေ ထည်ထည် "
ထည်ဝါတံခါးလက်ကိုင်ကိုလှည့်ကာဖွင့်လိုက်၏။ကိုကိုသည် မြင်နေကျပုံစံနှင့်မတူ တစ်မျိုးလေးကွဲထွက်နေသည်။ဆံပင်နက်မှောင်မှောင်တို့ကိုသပ်မတင်ထားတာကြောင့် ဆံနွယ်အချို့သည် နဖူးထက်တွင် ဟိုတစ်စဒီတစ်စကျနေ၏။ရှပ်အင်္ကျီဝတ်နေကြဖြစ်သည့်ကိုကိုက body fit တီရှပ်လက်တိုကိုဝတ်ဆင်ထားတာကြောင့် ကြွက်သားစိုင်တို့ကထင်းနေသည်။coatအင်္ကျီကိုလက်တစ်ဖက်တွင်လွှားတင်ထားပြီး အပြုံးချိုချိုတို့ဖြင့် ပြုံးပြနေ၏။
ကိုကိုသည်လည်း ခရီးဆောင်အိတ်ကိုဆွဲကာ လူစုရမည့်နေရာသို့ ထည်ဝါတို့ညီအစ်ကိုနှစ်ယောက်သွားလိုက်တော့၏။
ထည်ဝါတို့ရောက်သောအခါ လူ၃ယောက်လောက်သာရှိသေးသည်။၅နာရီထိုးလူစုမည်ဟုချိန်းထားကြတာဖြစ်ပြီး အခုမှ၎နာရီခွဲသာရှိသေးတာကြောင့် လူမစုံသေးသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
YOU ARE READING
ILBH(နှလုံးသားဖြင့်ရင်းလေသော)(Completed)(Season2)
General Fiction(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... နွေ့နှလုံးသားနှင့်ရင်းကာ အသက်တမျှ နင့်အောင်ချစ်ရလေသော လူသားကို တိမ်ငယ်ဟု အနက်ဖွင့်ဆိုရင်း...