WAYS

947 101 2
                                    

Notice - ဒီFictionမှာ အကုန်လုံးရဲ့အသက်ကို 19နဲ့ 20အထက်လို့ တွေးပြီး ဖတ်ပေးပါနော်...။ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တဲ့အတွက် ‌နားလည်ပေးစေချင်ပါတယ်ရှင့်💙💙

***

" One shot One shot တစ်ကျိုက်ထဲ မော့ချပစ်.."

" ကျွန်တော် မသောက်နိုင်တော့ဘူး စီနီယာ.. "

" မင်းမသောက်ရင်
ငါသောက်ပေးမယ်.. "

စီနီယာက ဂျောင်၀န်းဆီကို ကမ်းပေးထားတဲ့ မက်ဂျူကို ယူပြီး တစ်ကျိုက်ထဲ မော့ချလိုက်တဲ့ ဂင်ဆောနူ...။

" ဝိုးးးးးးးး "

" အိုးးးဟိုးးး ဂင်ဆောနူ တယ်မိုက်ပါလား မင်း!!! လာ..နောက်တစ်ခွက် "

First year Fresher welcomeဆိုတော့လဲ စီနီယာတွေ ပေးသမျှ Beerခွက်တွေ မူးမူးရူးရူးနဲ့ စီနီယာတွေ လုပ်သမျှ ထိုင်ကြည့်နေရတဲ့ ဂျူနီယာတွေ.. အဲ့ထဲမှာလဲ ဂင်ဆောနူနဲ့ ယန်းဂျောင်၀န်းတို့ အပါအ၀င်..။

ဂျောင်၀န်းက ငယ်ငယ်လေးထဲက အေးအေးဆေးဆေးနေတဲ့သူပီပီ ရှုပ်ရှုပ်ရှက်ရှက်တွေ မကြိုက်..။

ဆောနူကတော့ ဂျောင်၀န်းနဲ့မတူ.. ပျော်ပျော်နေရသည်ကို ကြိုက်သည်။ ပွဲလမ်းသဘင်မှန်သမျှလဲ စိတ်၀င်စားသည်..။ အခုလဲ Clubမှာလုပ်တဲ့ Fresher welcomeမှာ သီချင်းတွေဆို အော်ဟစ်ရင်း  စီနီယာတွေရဲ့ အချစ်တော် အမည်ကိုလဲ ခံယူနေသေးသည်...။

" မင်းမူးနေပြီ ဆောနူ ပြန်ရအောင်.. "

" မပြန်ချင်သေးဘူး ငါ ဒီမှာပျော်တယ်.. ငါမမူးသေးဘူး.. ရောက်တုန်းလေး ပျော်စမ်းပါ.. "

ဆောနူ တော်တော်လေးကို မူးနေပြီ.. ပါးနှစ်ဖက်ကလဲ နီလို့.. နားရွက်တွေကော

မမူးဘူးသာပြောတယ် သူနဲ့ဆန့်ကျင်ဘက်ကို လက်ညိုးကြီးထိုးပြီး မက်ဂျူထိုးပေးနေတဲ့ ဂင်ဆောနူ..။

ဒီဘက်ကို ဆွဲလှည့်လိုက်တော့ ဂျောင်၀န်းလက်ထဲကို မူးမူးနဲ့ ဖန်ခွက် ထည့်ပေးလာတဲ့ ဆောနူ..။

" ဘာကို ကြောက်နေတာလဲ လာပါ တစ်ကျိုက်ထဲ မော့ချလိုက်... "

" ဂင်ဆောနူရာ... "

စိတ်ပျက်ပျက်နဲ့ မျက်မှောင်ကျုတ်ကြည့်ပေးလိုက်တော့..

" အားရှ် ယန်းဂျောင်၀န်း!!!! အဖိုးကြီးအတိုင်းပဲ.. နေဦး ငါအိမ်သာသွားဦးမယ် ပြန်လာခဲ့မယ်...။ "

Who Are You Stranger??✅Waar verhalen tot leven komen. Ontdek het nu