WAYS 2

635 92 6
                                    

" တစ်မနက်ထဲနဲ့တင် အက်ဖ်အေဘ၀က လုံး၀ကျွတ်သွားတဲ့ ဂင်ဆောနူ.. ကံများနော် ရည်းစားရတော့လဲ မထင်ထားတဲ့ တစ်မနက်ထဲနဲ့တင် "

" ဘယ်သူက ရည်းစားရလို့လဲ လူပျိုလေးပဲရှိသေးတာ.. "

" အဲ့ဒါဆိုလဲ အဲ့messageကို ထပ်မဖတ်နဲ့တော့လေ အဲ့စာဖတ်နေတာ ငါးခေါက်ရှိပြီ "

ဂျောင်၀န်းက ငေါက်ပေးလိုက်တော့မှ မလုံ့တလုံနဲ့ လက်ထဲကဖုန်းကို စားပွဲပေါ်ချလိုက်ပြီး မုန့်ပဲ ဆက်စားနေတော့သည်။

" ဘယ်သူက ကြည့်နေလို့လဲ မှားထိမိလို့ ပွင့်သွားတာ..။ "

" အင်း အရမ်းယုံတယ် သိလား "

" အဲ့ဒါထက် ကပွဲကို မသွားလို့မရဘူးလား "

" ဘာလဲ အဖြေမပေးချင်လို့လား။ "

" အဲ့လိုက.. "

ဂျောင်၀န်းလဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆောနူဘက်ကို ထိုင်ခုံလှည့်လိုက်သည်။

" ဆောနူ မင်း နီခီကို သဘောကျလား..။ "

" အဲ့ဒါက ... "

" မင်းသဘောမကျဘူး ဒီတိုင်း ညီလေးလိုပဲဆိုရင် သူဘယ်လိုပြောပြော မင်းမှာ ငြင်းခွင့်ရှိတယ်။ ခံစားချက်က မသေချာသေးရင်လဲ စဉ်းစားခွင့် အပြည့်အ၀ရှိတယ်။ "

" ငါက... "

" မင်းကို အပျော်တွဲမှာ စိတ်ပူနေတာမလား။ အဖြေကို မြန်မြန်ပြန်ပေးလိုက်ရင် လွယ်တယ်ထင်မှာစိုးနေတာမလား "

သူ့စိတ်ကို တိတိကျကျဖတ်နိုင်တဲ့ ဂျောင်၀န်းကြောင့် ဆောနူမျက်လုံးပြူးသွားသည်။ ဂျောင်၀န်းကတော့ ငါနားလည်ပါတယ်ဆိုတဲ့အကြည့်နဲ့ ဆောနူကို သူ့နားတိုးထိုင်စေပြီး ပခုံးကိုဖက်ထားလိုက်သည်။

" ငါက မင်းအကြောင်းအသိဆုံး ဆောနူ ငယ်ငယ်လေးထဲက မင်းနဲ့ပေါင်းလာတာ မင်းဘာတွေးနေလဲ ဘာဖြစ်ချင်လဲ အကုန်သိတယ် "

" ခေါင်းခြောက်နေရတဲ့ကြားထဲ ငိုချင်အောင်လာမလုပ်နဲ့ ကြောင်လေးယန်း။ "

" မင်းသေချာစဉ်းစားပေါ့..။ ကပွဲကဖြင့် နောက်တစ်ပတ်ဆိုရောက်ပြီ "

" အင်း "

စာကြည့်တိုက်ထဲက သူငယ်ချင်းနှစ်ယောက်တော့ တစ်ယောက်ပခုံး တစ်ယောက်မှီရင်းနဲ့သာ...။





Who Are You Stranger??✅Where stories live. Discover now