part.16(unicode&zawgyi)

3K 129 4
                                    

💙​စေတန်​ရဲ့သတို့သမီး💙

        အပိုင်း(၁၆)
        💜💜💜💜

"ကိုယ့်ကိုခွင့်လွှတ်​ပါ ချာတိတ်​ရယ်​..."

တိုးရှရှ​တောင်းပန်​စကားဆိုရင်း..​နေ..ရင်​ခွင်​ထဲက
သူမမျက်​နှာ​လေးကို​မော့ယူကာ..မျက်​ရည်​စ​လေး​တွေကို
ညင်​သာစွာ..သုတ်​ဖယ်​​ပေး​နေမိသည်​။သူမက
မယုံကြည်​နိုင်​သလို..မျက်​လုံး​လေးဝိုင်းပြီး..​နေ့ကို
ကြည့်​နေဆဲ......။

"ကိုယ်​နဲ့..အတူပြန်​လိုက်​ခဲ့...ကိုယ်​ဒီလို​နေရာမှာ
မင်းကိုတစ်​​ယောက်​ထဲမထားနိုင်​ဘူး..."

အသင်​..မျက်​ရည်​​တွေကိုလက်​ခုံနှင့်က​လေးလို
ပွတ်​သုတ်​ရင်း..​ခေါင်းညိတ်​လိုက်​မိသည်​။အသင်​
ဒီ​နေရာမှာ...တစ်​နာရီ​လောက်​ပဲဆက်​ရှိ​နေရင်​
အသက်​ထွက်​မှာ...။

"မင်းပစ္စည်း​တွေအထဲမှာ..မဟုတ်​လား.."

​နေ..အခန်းထဲကိုလှမ်းဝင်​ရန်​ပြင်​​တော့..သူမက
အထိတ်​တလန့်မျက်​နှာ​လေးနှင့်လက်​ကိုလှမ်းဆွဲ
ထားသည်​။

"ဘာမှမဖြစ်​ဘူး..ကိုယ်​ရှိတယ်​..မ​ကြောက်​နဲ့."

သူက..အသင့်လက်​​လေးကို​ထွေးဆုပ်​ထားကာ...
အား​ပေးသလို​ပြောသည်​။အသင်​..​ကြောက်​​ကြောက်​နှင့်
သူ့လက်​​မောင်းကိုအတင်းဖက်​ထားရင်း..အထုတ်​အပိုး​တွေ
ယူရန်​..​မှောင်​မဲ​နေတဲ့..အခန်းထဲကိုပြန်​ဝင်​လာခဲ့
ရသည်​။

"​ဒေါက်​...ဒုန်း..."

ဘာမှန်းမသိတဲ့အသံ​တွေကကြား​နေရဆဲဖြစ်​​ပေမဲ့.
အသင်​​ရှေ့မှာ..မားမားမတ်​မတ်​ရှိ​နေတဲ့သူ့​ကြောင့်
​ကြောက်​ရွံ့စိတ်​​တွေကလွင့်ပါးကုန်​ရသည်​။

"လာ..သွားကြမယ်​.."

သူက..အသင့်အထုတ်​​တွေကိုလဲကူဆွဲကာ..အသင့်.
လက်​တစ်​ဖက်​ကိုလဲ..ဆုပ်​ကိုင်​ထားရင်း..တိုက်​ခန်း
ထဲက​နေပြန်​ထွက်​လာသည်​။

တံခါးကိုအပြီးသတ်​ပိတ်​လိုက်​ပြီး..သူ​ဆွဲ​ခေါ်ရာ
​နောက်​ကို..အသင်​ပါလာခဲ့ရ​တော့သည်။

💜💜💜

"​ဝေါ..​ဝေါ.."

မိုး​တွေက..သည်းထန်​စွာရွာသွန်း​နေဆဲပဲဖြစ်​ကာ
သူ့ရဲ့ကား​လေးကမိုး​စက်​မိုး​ပေါက်​​တွေကြားမှာ
​ဖြေး​ဖြေးမှန်​မှန်​သာ..​မောင်းနှင်​လာသည်​။သူက
ကား​မောင်း​နေရင်း..လက်​တစ်​ဖက်​က...အသင့်
လက်​ကိုဆုပ်​ကိုင်​ထားသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now