Unicode

176 37 4
                                    

၁၆ ရာစုနှောင်းပိုင်းကာလ၊ တရုတ်ပြည်၌ ခန်းလုံမင်းဆက် ပြိုကွဲပြီးချိန်။

"ရှောင်ဝမ်!"

"ရှောင်ရှောင်း!.....ဒီကလေးတွေဘယ်ရောက်နေကြပါလိမ့်"

ညိုမရဲ့ကျောပေါ်ကထင်းစီးကို မြေပြင်ပေါ်ချမပေးခင် မိမိကျောပေါ်က စားလို့ရသည့်အရွက်မှန်သမျှခူးထည့်လာခဲ့သော ပလိုင်းကိုကွပ်ပျစ်ပေါ်အရင်ချထားလိုက်သည်။ ထင်းစီးကိုချပေးနေတုန်း အပြေးကလေးရောက်လာသော သစ်တော်သီးလေးကိုကြည့်ပြီး ဘိုးဘိုးကုမျက်နှာမှာ အပြုံးတွေကအပြည့်။

"မင်းကမှသိတတ်သေးတယ်ကွာ...ညိုမသားကတော့မွေးရကျိုး တကယ်နပ်တယ်ဟေ့"

မနက်ခင်းတစ်ပိုင်းလောက်ပျောက်နေတဲ့ မိခင်ကိုပြန်တွေ့လိုက်ရသဖြင့် ကဆုန်ပေါက်ပြေးလာပြီး အနားမှာရစ်သီရစ်သီလာလုပ်နေသော နှစ်နှစ်သားအရွယ်သစ်တော်သီးလေးက တကယ်ကိုချစ်စရာ။ ဒါကြောင့်လည်း တစ်အိမ်လုံးရဲ့အသည်းကျော်ရှောင်ရှောင်းရဲ့ အချစ်တော်လေးဖြစ်နေတာပေါ့။

အခုလည်း သူကပဲမအေလုပ်သူကိုဦးဆောင်ကာ အပြေးအလွှားထွက်သွားလေရဲ့။ ညိုမတို့သားအမိအတွက် မြင်းစာခွက်ကသီးသန့်မလို။ တစ်မျှော်တစ်ခေါ်မြင်နေရသည့်မြက်ခင်းပြင်ကျယ်က သူမတို့အတွက်လိုတရစားကျက်ကြီး။

ဟင်းသီးဟင်းရွက်တွေကိုပလိုင်းထဲကထုတ်ကာ မီးဖိုချောင်ထဲသွားထားရင်း စားပွဲခုံပေါ်ကအုပ်ဆောင်းကိုဖွင့်ကြည့်လိုက်တော့ စားချင်စဖွယ်ဟင်းလျာလေးတွေက အငွေ့မပြယ့်တပြယ်။ ဒါတွေအကုန် ရှောင်ဝမ့်လက်ရာတွေချည်းဖြစ်လိမ့်မည်။ ဒီကောင်လေးက သူ့ထက်သုံးလလောက်ပိုကြီးသော ရှောင်ရှောင်းကိုဘာမှမလုပ်ခိုင်းခဲ့တာ ဟိုယခင်သူ့ဆီရောက်လာစကတည်းက။

ဒီကလေးနှစ်ယောက်သူ့ဆီရောက်လာတာ လာမည့်နွေဦးဆို ဆယ်နှစ်တင်းတင်းပြည့်ပြီ။ ကလေးတွေရောက်စကဆို သုံးနှစ်သားသာသာကလေးတွေ။ က‌လေးတွေ သူ့ဆီရောက်လာပုံကရိုးရှင်းပါသည်။ သို့သော်ဝမ်းနည်းစရာတော့ အင်မတန်ကောင်းသည်။

ဝမ်မိသားစုရော ရှောင်းမိသားစုပါ လယ်ကိုသာအဓိကလုပ်ကိုင်ကြပေမဲ့ တစ်နယ်လုံးစစ်မီးတောက်လောင်လာချိန်မှာတော့ ရရာလက်နက်စွဲကာ စစ်ပွဲတွေထဲပါဝင်လာခဲ့ကြသည်။ ဒါကလည်းသူတို့ချည်းမဟုတ်ပါ။ အနီးနားတစ်ဝိုက်မှာရှိသော ရွာများမှလယ်သမားမှန်သမျှ မပါလို့မရသည့်မခြေအနေကိုဆိုက်ရောက်ခဲ့ကြတာဖြစ်သည်။

အရိုင်းပန်းတို့ ဝေဆာချိန် (The time the wild blooms)Where stories live. Discover now