Chapter16(ZAWGYI/UNICODE)

511 54 11
                                    

"မား...ရေ Buildပြန်ရောက်ပြီ...ထွက်လာခါနီးမှ
customerရောက်လာလို့...နောက်ကျသွား....
ဟင်.......Bible...မင်း....."

"သားရေ...လာ မိတ်ဆက်ပေးရဦးမယ်...
ဒါကသားသိပြီးသားဖြစ်မယ်ထင်တယ်
Mrs.Sumettikul ဒီဘက်ကတော့
သူ့ ရဲ့တစ်ဦးတည်းသောသား Bible တဲ့"

"Krap...မား Build နှစ်ယောက်လုံးနဲ့သိပါတယ်"

"Sawadee krap....Mrs.Sumettikul.."

"အန်တီလို့ပဲခေါ်ပါသားရဲ့ Mrs.တွေဘာတွေတပ်မနေပါနဲ့...ပြီးတော့Build
ကိုအထင်မလွဲစေချင်ဘူး...သားရဲ့မားနဲ့အန်တီက
ငယ်ငယ်ကတည်းကခင်ခဲ့ကြတာ
ပြန်တွေ့ကြတာ တစ်ယောက်နဲ့တစ်ယောက်အရမ်း
မကြာသေးပေမယ့်...သားနဲ့အန်တီအလုပ်လုပ်ဖြစ်နေ
တာကတော့ သားရဲ့မားနဲ့မဆိုင်ဘူးနော်
သားတို့ဆိုင်ရဲ့အလုပ်လုပ်ရတာ အန်တီက
တကယ်သဘောကျတာ မို့လိုပဲ"

"Krap....အန်တီ....Buildနားလည်ပါတယ်
ကျေးဇူးလည်းတင်ပါတယ်နော်...."

"စကားကောင်းနေတာနဲ့ မား မေ့နေတာ
Build ရေ လမ်းထိပ်မှာ အန်တီတို့
ထမင်းစားပြီးရင်သောက်ရအောင်...
သောက်စရာလေးသွားဝယ်ပေးဦးသား...
မားဝယ်ဖို့ကျန်နေခဲ့လို့...."

"Krap....မား...."

"အန်တီ....ကျွန်တော်လည်းBuildနဲ့လိုက်သွား
လိုက်ဦးမယ်ဗျ..."

"Bible သားရောလိုက်သွားမလို့လား....
သွားလေသား....ကောင်တေးကကောက်ပြန်ပလား
မသိဘူး....အခြေအနေကြည့်ပြီးသာချော့ခဲ့သိလား"

"Krap....အန်တီ...."

"သားတို့အဆင်ပြေမှာပါနော် သူငယ်ချင်း.."

"စိတ်မပူပါနဲ့ဟာ....ငါ့သားကိုငါသေချာလည်းမေးပြီး
သလို စောင့်လည်းကြည့်ပြီးပြီ...သားBuildအပေါ်
မှာတကယ်ချစ်ခင်နှစ်သက်နေတယ်ဆိုတာငါသေချာ
ပြောရဲတယ်"

"အင်းပါ...ငါ သားBibleကိုယုံပါတယ်
သားကိုတကယ်သူသဘောကျကြောင်း
သူအကြောင်းစုံသိပြီးသားမို့ Build
အတွက်ဘယ်တော့မှစိတ်ညစ်စရာတွေ
ထပ်အဖြစ်ခံမှာမဟုတ်ကြောင်း...သူ့ကိုယုံကြည်ပေးဖို့
ပြောတဲ့ စကားတွေကိုငါလက်ခံတယ်ဆိုတာဟာ
ငါ့သူငယ်ချင်းရဲ့သားဖြစ်နေလို့မဟုတ်ဘူး
Bibleမျက်လုံးထဲက Buildအပေါ်တကယ်ကို
မြတ်နိုးနေတယ်ဆိုတာငါမြင်နေရတာမို့ပါ...
အမေတစ်ယောက်အနေနဲ့...ငါ့သားလေး
ပျော်ပျော်ရွှင်ရွှင်နဲ့သူကိုလည်းတကယ်ချစ်မြတ်နိုးတဲ့သူ
သူကလည်းတကယ်ချစ်ခင်စုံမက်တဲ့သူနဲ့
တွေ့နိုင်ဖို့ကငါအတွက်အရေးအကြီးဆုံးပဲ...
ငါ့သားလေးငိုတာငါထပ်မမြင်ချင်တော့ဘူးဟာ"

Smile World💚Where stories live. Discover now