Ep-8 You

312 30 2
                                    

အချို့ရင်ခုန်သံတွေဟာဝေးနေပေမဲ့ရင်ခုန်လျှက်ရှိနေဆဲပါပဲအချစ်ဆိုတာနားလည်ရခက်လိုက်တာဒါပေမဲ့အရမ်းကိုနှစ်သက်ဖို့ကောင်းတယ်
💜💜💜💜💜💜💜

အိမ်ပြန်ရောက်တော့အန်တီ Sooye ကခေါ်ပြီးကျောင်းတက်ရတာအဆင်ပြေရဲ့လားဘာညာခေါ်မေးသဖြင့်အဆင်ပြေကြောင်းအတန်းဖော်‌ေတွသဘောကောင်းကြောင်းကိုအားရပါးရပြောပြမိသည်။ထိုအခါဘေးကထိုင်နားထောင်နေသည့်နှစ်ယောက်ကလည်းသူဘယ်လောက်နာမည်ကြီးကြောင်းအားလံုးကိုဖောက်သည်ပြန်ချနေသဖြင့်ရှက်ရှက်နှင့်ပင်အိမ်ပေါ်တက်ခဲ့ကာအခန်းထဲဝင်နေလိုက်သည်။အာ......ဒီလောက်ရှက်စရာကောင်းတာတွေဘာလို့ပြောနေကြပါလိမ့်။ငါချောတာငါသိရင်ပြီးတာပဲကို။သူသတိတရနှင့်အမေ့ဆီဖုန်းဆက်ပြီးနေကြောင်းကြောင်းဘာညာသာရကပြောပြတော့အမေကသူ့အတွက်ဝမ်းသာကြောင်းနှင့်သူ့ကိုသတိရကြောင်းပြောသည်တကယ်လည်းသူတို့ကခွဲဖူးခဲ့တာမှဟုတ်တာအမြဲအတူနေခဲ့ကြတာယခုတက္ကသိုလ်တက်မည့်အချိန်မှခွဲဖူးခဲ့တာ ဟိုကတက္ကသိုလ်ကမကောင်းတာမဟုတ်ပေမဲ့ အန်တီ Sooye ဇွတ်ခေါ်တာကြောင့်သာသူစိတ်မပါ့တပါ့နဲ့လာခဲ့ရတာဒါပေမဲ့အခုအခြေအနေအရတော့သူကျေနပ်မိနေသည်ကုတင်ပေါ်လှဲနေရင်းမှထထိုင်လိုက်ကာရေချိုးရန်ရေချိုးခန်းထဲဝင်လိုက်သည်။ရေချိုး‌ကန်ထဲမှာစိမ်ရင်းခေါင်းလျှော်ရင်းလုပ်နေသည်မှာဘယ်လောက်ကြာသွားသည်သူသတိမထားမိ။သူသတိထားမိတာကသူ့တစ်ကိုယ်လုံးလန်းဆန်းသွားခြင်းပင်။အားရပါးရချိုးပြီးတော့တပတ်ကိုခါးတွင်ပတ် ခေါင်းကိုရေသုတ်တပတ်ဖြင့်သုတ်ကာထွက်လာသည်။သူရေချိုးခန်းတံခါးဖွင့်ဖွင့်ချင်းသူ့အခန်းတံခါးကိုဆွဲဖွင့်ကာငါခေါ်မှာသူခေါ်မှာပြောရင်းအခန်းထဲဇွတ်ဝင်လာသောမျောက်လောင်းနှစ်ကောင်ကိုတွေ့လိုက်ရသည်။သူ့ကိုမမြင်ပဲဇွတ်ငြင်းနေကြလို့စိတ်ပေါက်ပေါက်နဲ့ဟဲ့ကလေးတွေလို့အော်လိုက်တော့သူ့ကိုစိုက်ကြည့်လာကြသည့်ကောင်လေး‌နှစ်ယောက်သူ့ကိုစိုက်ကြည့်နေကြတာဘယ်လိုမှန်းမသိ။နဂိုကတည်းကမရှက်ရင်မရှက်ပြရှက်ရင်လည်းလုံးဝအရှက်သည်းတတ်သူမို့အခုသူတို့စိုက်ကြည့်နေတော့တစ်ကိုယ်လုံးဘယ်လိုဖြစ်သည်မသိထူပူလာသည်သူ့ကိုသူသတိထားပြန်ငုံ့ကြည့်တော့အင်္ကျီမပါသည့်အဖြစ်ကိုပြန်တွေးမိကာပိုရှက်လာသည်။
သူ့ကိုယ်သူခေါင်းသုတ်နေတဲ့တပတ်နဲ့ခန္ဓာကိုယ်ကိုဖုံးလိုက်တဲ့ Hyung ပြီးတော့မှထစ်ငေါ့ထစ်ငေါ့နှင့်
Jin- ဘာ ဘာကိုကြောင်‌ကြည့်နေကြတာလဲအဲ့လောက်တောင်ကြည့်စရာရှားနေတာလား သွားကြသွားအခန်းတံခါးလည်းမခေါက်ကြဘူးယဉ်ကျေးမှုမရှိတာ။သွားကြ
ဆိုကာအတင်းနှင်ထုတ်တော့သူတို့မနေတတ်စွာခေါင်းငုံ့ပြီးထွက်လာကြသည်။

OnlyWhere stories live. Discover now