part.18(unicode&zawgyi)

3K 124 5
                                    

💙​စေတန်​ရဲ့သတို့သမီး💙

         အပိုင်း(၁၈)
         💜💜💜💜

"ငါဘာကိစ္စနဲ့သူ့ဆီ​ရောက်​လာပါလိမ့်.... "

မျက်​လုံး​လေး​ပေကလပ်​​ပေကလပ်​နှင့်အူလည်​လည်​အမူအယာ​လေး
ဖြစ်​သွားတဲ့သူမကိုကြည့်ပြီး​နေရယ်​ချင်​စိတ်​ကိုထိန်းမရ​တော့။

" အဟွန်း....."

သူ့ဆီကရယ်​သံထွက်​လာမှအသင်​သတိကပ်​သွားရကာ
ဖက်​တွယ်​ထားတဲ့သူ့လက်​​တွေထဲက​​နေရုန်းထွက်ပြီးအ​နောက်​ကို
ဆုတ်​သွားရ​တော့။

" ဘာဖြစ်​တာလဲလန့်သွာတာလား အဲ့ဒါ.... "

မချိုမချဉ်​နဲ့​မေးရင်းသူကအသင့်​နောက်​ကို​ခြေလှမ်းလိုက်​တိုးလာကာ
လက်​​မောင်းတစ်​ဖက်​ကိုလှမ်းဆွဲလာသည်​။

" ​နောက်​တစ်​ခါအသင့်ကိုအဲ့လိုကြီးမနမ်းပါနဲ့.... "

အခုထိမတည်​ငြိမ်​​သေးတဲ့အသံ​လေးနှင့်အသင်​​ပြောလိုက်​​တော့
သူကခပ်​သဲ့သဲ့ရယ်​ရင်း.....။

" ကိုယ်​သိပါတယ်​မင်းကအ​တွေ့အကြုံမရှိတဲ့ယုန်​ဖြူမ​လေး
ဆိုတာကို​လေ...ဒါ​ပေမဲ့ကိုယ်​က​တော့ဒီလိုနမ်းရတာကိုပဲ
သ​ဘောကျတယ်​.... "

မျက်​လုံးချင်း​ဆုံကြည့်ကာတည့်ပင်​​ပြောလိုက်​​တော့
သူမပါးပြင်​​လေးနှစ်ဖက်​အ​ရောင်​တင်​စရာမလိုပဲရဲတက်​သွားကာ။

" တခြားမိန်းက​လေး​တွေနဲ့​ရောရှင်​အဲ့လိုပဲနမ်းတာလား.... "

" မင်းဘယ်​လိုထင်​လို့လဲ..... "

မျက်​ခုံးပင့်ကာ​ပြန်​​ပြောလာပုံကမထီတရီ..။ အသင်​
သူ့ကိုမ​ကျေမနပ်​​လေးကြည့်လိုက်​ရင်း....။

" ဘယ်​လိုမှမထင်​ဘူးရှင့်ဘာသာရှင်​ဘယ်​သူနဲ့နမ်းနမ်း
အသင့်အလုပ်​လည်းမဟုတ်​ဘူး....ပြီး​တော့​နောက်​တစ်​ခါ
ပီ​ကေစားချင်​ရင်​​ပြောပါ သူများပီ​ကေကိုလုမစားပါနဲ့ရှင်​မို့
မရွံတတ်​တယ်​..... "

" ကိုယ်​ကမင်းဆီကပဲစားချင်​တာ.... "

​ပြောရင်းပီ​ကေကိုတမင်​မူတ်​ပြသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now