Fifth ( Final )

239 17 2
                                    




တက္ကသိုလ်ဝင်တန်းဖြေခါနီး ထဖျားတဲ့Sehunကြောင့် တစ်အိမ်လုံးအလှူပ်တွေရှူတ်သွားကြသည်။စာမေးပွဲကလည်းဖြေဖို့ သုံးလေးရက်သာလိုတော့ပေမယ့် ဖျားတာကိုဆေးမသောက်ဘဲ ဂျစ်တိုက်နေသောSehunကြောင့် အဖျားကမပျောက်နိုင်။

Jonginဆိုလည်း သူနိုင်။Baekhyunဆိုပြောစရာကိုမလို Sehunနည်းနည်းချွဲပြလိုက်တာနဲ့ အလိုလိုက်ပြီးသား။Sehunကိုနိုင်တဲ့သူကတော့ Chanyeolပင်။

အလုပ်ကပြန်လာတာတောင်မှ အခန်းထဲပြန်မနားနိုင်ဘဲ တူတော်မောင်အခန်းကိုသွားရသည်။အခန်းထဲဝင်တော့ ကြားရပါပြီ Hunnieတို့ Baekကိုဂျစ်တိုက်နေတာ။

" နည်းနည်းလေးထပ်စားပါဦး "

" ဟင့်အင်းစားဘူး ပါးစပ်ပျက်တယ်လေးBaekရဲ့ "

"အင်းလေ အ​ဲ့ဒါကြောင့် မြန်မြန်ပျောက်အောင် သောက်ရမှပေါ့ ဒါလေးနည်းနည်းထပ်စားလိုက်နော် ပြီးရင်ဆေးသောက်ကြမယ် "

" Hunnieက ဒါကြီးမစားချင်ဘူး "

" ကဲ ဒါဖြင့်ဘာစားချင်တုန်း လေးBaekလုပ်ပေးမယ်လေ "

" ပေါင်မုန့်ထောပတ်သုတ် ရေခဲမုန့် choco cake "

" အဲ့ဒါတွေက အခုစားလို့မရဘူးလေ "

" ဟင့် Hunnieကအ​ဲ့ဒါဘဲစားချင်တာ "

" ဆေးမြန်မြန်သောက်ရအောင်နော် တော်ကြာလေးChanရောက်လာလို့ ဆေးမသောက်သေးရင် Hunnieကိုဆူလိမ့်မယ် "

" ဟုတ် "

Baekကလည်းသေချာချော့နေပြီး ဆေးတိုက်နေတာမို့ Chanyeolလည်း အခန်းတံခါးမဖွင့်တော့ဘဲအောက်ဆင်းလာလိုက်တော့သည်။

စာမေးပွဲဖြေတော့လည်း ကြိုပို့လာလုပ်ပေးပါလို့ပြောထားတာမို့ Jonginမှာ အကြိုအပို့လုပ်ပေးရသည်။ညဘက်ဆိုလည်း စာကူလုပ်ပေးပြီးမှအိမ်ပြန်ရသည်။

Kyungsooကိုလည်းသူ့အိမ်ကစာမလုပ်မှာဆိုးလို့ဆိုကာ Sehunတို့အိမ်လာပို့ထားတော့
အကြံတူဉာဏ်တူသူငယ်ချင်းနှစ်ယောက်ကိုမနည်းထိန်းရတော့သည်။

" နက်ဖြန်စာမေးပွဲပြီးရင် ဘယ်သွားကြမလဲ Sehun ? "

ခုံမှာစာအတူလုပ်နေတဲ့နှစ်ယောက်စကားတိုးတိုးပြောနေကြသည်။Jonginကတော့ ငယ်လေးကုတင်ပေါ်မှာထိုင်ကာ သူ့ကျောင်းကစာတွေ ကြည့်နေရသည်။

TO Be Honest (Completed )Where stories live. Discover now