Part - 4

4.8K 512 42
                                    

အဲ့ဒီနေ့ကစလို့ Jungkook ကဆက်တိုက် အီစီကလီလုပ်နေတော့တာဖြစ်သည်။ ကျွန်တော်ကမယုံလေ၊ Jungkook ပိုလုပ်ပြလေဖြစ်ကာ ခပ်ဆိုးဆိုးကောင်။

"Jungkook မင်းငါ့ကိုအငြိုးနဲ့လုပ်နေတာလား"

"အသဲလေး မင်းဒီကောင်ကိုတွဲလိုက်ရင်အားလုံးပြီးပါတယ်"

"ဒီသောက်-"

Jungkook နဲ့ ယွန်းဟီးတို့နှစ်ယောက်သားဟာ ယခုနောက်ပိုင်းမတွေ့ဖြစ်ကြတဲ့အခြေအနေဖြစ်သည်။
ယွန်းဟီးနဲ့ ကျွန်တော့်စေ့စပ်ပွဲမှာလည်း ဒီအပတ်ထဲဖြစ်ကာ အားလုံးပြင်ဆင်လို့ထား၏။

ဗီလာကိုခေါ်လို့လာတာပေမဲ့ ယခုမှောင်မဲသဲနေတာကြောင့်မျက်မှောင်ကုတ်မိလေသည်။

"Jungkook ဘာလုပ်-"

"happy birthday Taehyung"

မီးထွန်းထားတဲ့ ကိတ်အားကိုင်ထားတဲ့ Jungkook ကိုမြင်လိုက်ရတာကြောင့်ပါးစပ်လေးအဟောင်းသား။ ဒီနေ့က ကျွန်တော့်မွေးနေ့ပဲ။

"ငါမေ့နေတာ"

"ကိတ်ကစျေးကြီးတယ်၊ ငါနဲ့တွဲတော့"

မကြားဟန်ဆောင်လိုက်ရပြီး ကိတ်ကိုပါးစပ်ထဲထိုးထည့်နေလိုက်တော့ တကယ်နက်နက်ရှိုင်းရှိုင်းဖြင့် မျက်တောင်မခတ်တမ်းကြည့်နေတာကြောင့် မနေတတ်ပြန်ပါ။

"Taehyung"

"ပြော"

"ချစ်တယ်"

စားနေသောက်နေတာမြင်ရဲ့သားနဲ့ ဒီလိုမျိုးပြောစရာလား။ လက်ဖျားခြေဖျားများ ခမျာအေးစက်လာတော့ကာ လူကလှုပ်လို့တောင်မရချင်။

"မင်းရူးနေတာလား၊ ဘာလဲ ယွန်းဟီးနဲ့ငါစေ့စပ်ရက်နီးလာတော့ တစ်ဖက်လှည့်နဲ့လုပ်နေတာမဟုတ်ဘူးလား"

ကြိတ်မှိတ်ထိန်းသိမ်းထားကာဖြင့် ရယ်ကျဲကျဲလေးလုပ်၍ ပြောလိုက်တဲ့စကားအား မျက်မှောင်ကုတ်သောတုံ့ပြန်ခြင်းရ၏။

"ကိုရီးယားကိုပြန်လာတာ မင်းကြောင့်ပါ Taehyung လွန်ခဲ့တဲ့နှစ်နှစ်က အနမ်းကြောင့်နဲ့ ငါဘယ်လောက်တောင်စိတ်လှုပ်ရှားခဲ့ရလဲ သိလား"

ပြန်ပြောစရာစကားများပျောက်ရှကုန်ပြီး အံ့အားသင့်နေရုံသာတတ်နိုင်တော့၏။ ဘယ်လိုလုပ်ပြီး အဲ့ဒါကြီးကို..။

Just Friend (Short Story)Where stories live. Discover now