အပိုင်း ၅(unicode)

259 23 0
                                    

ထိုနေ့ညမှာတင် စံကမ္ဘာမင်းတစ်ယောက် ဒေါက်တာ ခင်မောင်သွေးတို့ အိမ်သို့ အလည်တစ်ခေါက်ရောက်ခဲ့သည်။ ထိုအိမ်ထဲဝင်လိုက်တာနဲ့ အေးအေးစက်စက် လေထုက သူ့ကို ကြိုဆိုနေခဲ့တယ်။ သည်အိမ်မှာ နွေးထွေးတဲ့ လေ မရှိပါလား။ အိမ်စောင့်က သူ့ကို ခြံကနေ အိမ်အပေါက်ဝထိ လိုက်ပို့ပြီးတာနဲ့ သူ့အလုပ်ပြီးသွားလို့ ထင်သည်၊ သူ့အလုပ်ဆီသို့ ပြန်သွားလေပြီ။ သူကသာ ယောင်ချာချာနဲ့ အိမ်အပေါက်ဝမှာ ကျန်ရစ်လေတယ်။

"မောင်ရင်က. . ." 

" မင်္ဂလာပါဗျ၊ ကျွန်တော်က မောင်ဂီယာမောင်ရဲ့ တာဝန်ခံ ဆရာဝန် ဒေါက်တာ စံကမ္ဘာမင်းပါဗျ"

" အော်. . . ဟုတ်ပြီ၊ ဒီမှာ လာထိုင်လေ" 

"ဟုတ်ကဲ့ဗျ"

စံကမ္ဘာမင်းလဲ ညွှန်ပြတဲ့ ဆိုဖာမှာ ထိုင်လိုက်ပြီး သူမ စကားစလာသည်ကို စောင့်နေမိ၏။ ဘယ်နေရာကနေ စပြောရမလဲ မသိအောင်ပင် အတွေးများနေမိသည်။

"ဘာကိစ္စရှိလို့လဲ"

"ဂီဘာမောင်အ . . ."

"သူ့အကြောင်းဆိုရင် အန်တီနဲ့ ဘာမှမဆိုင်ဘူး သား"

"အန်တီက သူ့အမေလေဗျ"

"သူ့အဖေနဲ့ပဲ ဆွေးနွေးဖို့ အကြံပေးပရစေ"

"ကျွန်တော်က ဂီယာမောင့်အကြောင်းပဲ သိချင်တာပါဗျ"

"အန်တီ ဘာမှမသိဘူးလို့ ပြောပြီးပြီနော်၊ သူက အန်တီတို့ မိသားစုနဲ့ မသက်ဆိုင်တဲ့ လူတစ်ယောက်လို့ အန်တီသတ်မှတ်ထားတယ်ကွယ်၊ ဒါက မိသားစုရေးကိစ္စမို့ သူစိမ်းတစ်ယောက်ကို လွယ်လွယ် မပြောချင်ဘူးကွယ်"

"သူ့ကျန်းမာရေးနဲ့ သက်ဆိုင်နေလို့ပါ၊အန်တီလည်း ဆရာဝန်တစ်ယောက်ပါ အန်တီ၊ သူအခု ခံစားနေရတာ စိတ်ရောဂါ အဆင့်နှစ်ပါ"

"ဟင်းးးး"

ခနဲ့ ရယ်သံအချို့ပါလား၊ မိခင်တစ်ယောက်က သားသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအကြောင်းကြားပြီး စိတ်ပူသွားမယ့်အစား သူက . . . သူက ဘာ့ကြောင်များ၊ ဇဝေဇဝါ အတွေးတေွနဲ့ သူ့ကို လှည့်ကြည့်စဉ် သူကလည်း ရွှင်မြူးဖွယ် မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေသည်။

My Dear GentlemenWhere stories live. Discover now