ဒေစီတစ်ပွင့်ကောက်ရဖူးသည်။ (Unicode)

73 5 5
                                    

ကောင်းကင်တစ်ခွင်တွင် တိမ်တိုက်တို့မှိုင်းညှို့အုံ့ဆိုင်းနေ၏။ဘေးပတ်ဝန်းကျင်မှ လေပြည်လေးတစ်ချက်တိုက်သွားလေတော့ ယွန်းပန်းချီငယ်၏ ခန္ဓာကိုယ်လေးသည်တုန်တက်သွား၏။မကြာမီပင် မိုးဖွဲဖွဲလေးသည် ကောင်းကင်ပေါ်မှတစ်လိမ့်ချင်းစီးကျလာတော့၏။ရာသီဥတုကြီးက လွမ်းစရာ၊ဆွေးစရာကြီးဖြစ်နေပေမယ့် ယွန်းကတော့သဘောကျ၏။

ယွန်းသည် ယခုသင်တန်းသွားရန် ကားမှတ်တိုင်တွင်ရပ်ကာ ဘတ်စ်ကားကိုစောင့်နေခြင်းဖြစ်၏။ဆယ်တန်းပြီးကတည်းက အိမ်ထဲအလေလိုက်နေရသည့်ယွန်းအတွက် ယခုသင်တန်းသည် ပထမဆုံးသင်တန်းဖြစ်၏။အဖြူရောင်မြန်မာဝမ်းဆက်ပေါ်တွင်မှ သိုးမွှေးကုတ်ပါးလေးတစ်ထည်ကို ယွန်းဝတ်ဆင်ထား၏။ဆံပင်ကိုခပ်မြင့်မြင့်လေးထုံးထားကာ ဒေစီအဖြူလေးတစ်ပွင့်ကိုထိုးထား၏။ယွန်းသည်မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ပန်းပန်ရသည်ကိုနှစ်သက်သူတော့မဟုတ်ပေ။သို့သော် ဒေစီကတော့ခြွင်းချွက်ဖြစ်၏။ဘတ်စ်ကားလည်းရောက်လာပြီဖြစ်တာကြောင့် ယွန်းပြေးတက်လိုက်၏။

နေခြည့်ခြေထောက်ရှေ့သို့တန်းတန်းမတ်မတ်ရောက်လာပါသော ဒေစီဖြူလေးတစ်ပွင့်။နေခြည်ကောက်လိုက်ကာ ဘေးဘီဝဲယာသို့ လှည့်ကြည့်လိုက်တော့ အဖြူရောင်ကျောပြင်ငယ်လေး၏ တစ်ပိုင်းတစ်စကိုသာတွေ့လိုက်ရ၏။ဤသည်ကား အမျိုးသမီးတစ်ယောက်၏ ကျောပြင်ငယ်လေးဖြစ်၏။ဒေစီပန်းလေးကို နေခြည့်အိတ်ထဲထည့်လိုက်၏။ထို့နောက် သူမကိုယ်တိုင်တောင်သတိမထားမိပါဘဲ နှုတ်ခမ်းထောင့်စွန်းတို့ကော့ညွတ်သွား၏။နှစ်တွေအတော်ကြာမှ နေခြည်ပြန်ပြုံးမိခြင်းဖြစ်လိမ့်မည်။

ယွန်းသင်တန်းရောက်တော့ ဟိုဟိုဒီဒီကြည့်လိုက်ရင်း ရှေ့ဆုံးခုံမှာထိုင်ဖို့သာရွေးချယ်လိုက်၏။နောက်ဆုံးတန်းမှာထိုင်မိလို့ကတော့ ယွန်းငိုက်နေတာနဲ့ဘာသင်မှန်းတောင်သိလိုက်မှာမဟုတ်ပေ။ရှေ့ဆုံးခုံမှာက ယွန်းထက်အရင်ကောင်မလေးတစ်ယောက်ရှိနေ၏။တင်ပါးဖုံးသည်အထိ ပိတုန်းရောင်ဆံနွယ်ရှည်ကြီးကိုလည်း သူမကပိုင်ဆိုင်ထား၏။လေးထောင့်ကျကျ မျက်မှန်လေးနှင့်ပါးဖောင်းဖောင်းလေးက ယွန်းမျက်စိထဲ ကလေးလေးတစ်ယောက်လို အသည်းယားစရာကောင်းလွန်း၏။ဒူးအတိဂါဝန်ခရမ်းရောင်လေးကိုမှ လေဒီရှူးခရမ်းရောင်နှင့်တွဲဝတ်ထားသည်။အသုံးအဆောင်အားလုံး ခရမ်းရောင်ဖြစ်နေပုံရရင် ဒီကောင်မလေးဟာ purple crazyဖြစ်ပုံဘဲ။

You've reached the end of published parts.

⏰ Last updated: Oct 19, 2022 ⏰

Add this story to your Library to get notified about new parts!

ဒေစီတစ်ပွင့်ကောက်ရဖူးသည်။Where stories live. Discover now