3💚❤️

849 64 0
                                    

အ့ ရိပေါ် ငါ့လက်နာနေပီ

ရိပေါ်က ပါးကိုဘဲဖျစ်ထားတာကြောင့်ရှောင်ကျန့်ရဲ့စကားတွေမပီတော့ပါ  ရိပေါ်ပါးကိုဖျစ်ထားလို့ ရှေ့ကိုဆူထွက်နေတဲ့နှုတ်ခမ်းကို ဖိကပ်နမ်းပစ်လိုက်သည်  ရိပေါ်နမ်းနေသည်ကိုရှောင်ကျန့်ဘက်ကတုန့်ပြန်မှုမရှိသလို ငြင်းဆိုမှုလဲမရှိခဲ့ဘူးညိမ်ပြီးရိပေါ်ရဲ့အနမ်းတွေကိုခံယူနေတဲ့ရှောင်ကျန့်ကိုနည်းငယ်သတိထားမိလာတယ် ရှောင်ကျန့်ကအားမရှိတော့သလို အောက်ကိုရှော့ကျနေတယ် ရိပေါ်ဟာရှောင်ကျန့်ရဲ့ခါးကနေသိုင်းဖက်ထားပြီးအနမ်းတို့ကိုရှေ့ဆက်နေခဲ့တယ်  ဆုတ်ကိုင်ထားတဲ့ရှောဂ်ကျန့်ရဲ့လက်တွေကိုရိပေါ်လွတ်ပေးလိုက်တယ် ဆိုရင်ပဲရှောင်ကျန့်က သတိမရှိနေတော့ဘူး

ရှောင်ကျန့်ကိုသတိထားမိသွားတဲ့ရိပေါ် ကစိုးရိမ်စိတ်တွေမြင့်တက်လာတယ်

ရှောင်ကျန့်  ရှောင်ကျန့်

ကျန့်ကော သတိထားအုန်းလေး

ကျန့်ကော

ရိပေါ်ခေါ်နေပေမဲ့ ရှောက်ကျန့်ကပြန်ထူးမလာခဲ့

ရိပေါ်လဲ ရှောင်ကျန့်ကိုပွေ့ချီကာ ကျောဂ်းဆေးခန်းကိုတန်းပြေးလေတယ်  အိမ်သာထဲကနေလူတစ်ယောက်ကိုပွေ့ချီလာတဲ့ရိပေါ်ကိုဘေးနားကကျောင်းသားတွေရောကျောင်းသူတွေရောပါ လိုက်ကြည့်နေကြတာကိုရိပေါ် ဂရုမစိုက်နိုင်ပါ  ရှောင်ကျန့်တွက်စိုးရိမ်စိတ်တွေသာရှိသည်

လူနာ အစာအိမ် ဖြစ်နေတာပဲ

ကျောင်ကဆရာဝန်မ ကြီးပြေားတာကိုရိပေါ်ငြိမ်ကာ‌နားထောင်နေမိတယ်

သား မင်းသူငယ်ချင်းသူနဲ့မတည့်တာတစ်ခုခုစားထားပုံပဲ အာဒါကြောင့်ဖြစ်တာ သိပ်ပြီးစိုးရိမ်စရာမရှိပေမဲ့  အစား‌ေသာက်ကတော့ရှောင်ရမယ်လေ

ဟုတ်ကဲ့ ကျွန်တော်ဂရုစိုပ်လိုက်ပါမယ်

ရိပေါ်ပြေားပြီး ရှောင်ကျန့်ရဲ့လက်လေးကိုဆုတ်ကိုင်ထားလိုက်မိတယ် 

ခင်ဗျာ့ကကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူးပဲ ကျန့်ကော ကျွန်တော်ကိုစိတ်ပူရအောင်မလုပ်ပါနဲ့

တိတ်တိတ်ပုန်းရည်းစား(Complete)Where stories live. Discover now