ရှောင်းကျန့် ဝမ်နန်းအိမ်ကို ရောက်နေတာ တစ်ပတ်တင်းတင်းပြည့်ခဲ့ပြီ။ ဝမ်ရိပေါ်၏ အစ်ကိုဖြစ်သူ ဝမ်ကျိုးချန်က ရှောင်းကျန့်ကို ကြည့်မရပေမယ့် သူညီလေးကိုတော့ အတော်ချစ်ရှာပုံပင်။
"အားပေါ်ကို သေချာဂရုစိုက်ပေး"
မနက်စာစားနေတုန်း တုံးတိကြီးလာပြောသွားတာမို့ ထမင်းကြော်စားနေသည့် ဇွန်းက နှုတ်ခမ်းမှာ တန်းလန်းနှင့် ကြောင်တောင်တောင် ကျန်ခဲ့ရသည်က ရှောင်းကျန့်ပင်။
ဝမ်နန်းအိမ်ကို ရောက်ပြီးသည့် ရက်အပိုင်းအခြားတော်တော်များများမှာ ရိပေါ်က အိပ်မက်ဆိုးတွေရက်ဆက်လို့မက်သည်။
မက်တိုင်းလည်း အမြဲ ငိုယိုနေတော့ အိမ်တော်ကလူတွေပါ သိပြီး ရိပေါ်ကို အနားကောင်းကောင်းယူခိုင်းထား၏။
"ကိုကို... ဘာတွေစားနေတာလဲ"
"ထမင်းကြော်"
ရိပေါ်က မီးဖိုချောင်က နံရံကပ်ဗိီဒိုကိုဖွင့်လို့ nutella ဘူးတစ်ဘူးကိုယူပြီး ဇွန်းရှည်တစ်ချောင်းကိုယူသည်။ ပြီးတော့ ပေါင်မုန့်အထုပ်လိုက်ကြီး ဆွဲကာ သူဘေးနားမှာ လာထိုင်သည်။
"မအီဘူးလား အဲ့ဒါ"
"မအီပါဘူး အရမ်းကောင်းတယ် ကိုကိုစားကြည့်မလား"
ချောကလက်တွေအများကြီးသုတ်ထားသည့် ပေါင်မုန့်တစ်ချပ်ကို ရှောင်းကျန့်ကိုပေးသည်။
"အတွင်းအားကျင့်တဲ့ တစ်လလုံးက ထမင်းနဲ့အသားဟင်းပဲစားရတာ"
"ပင်ပန်းလား"
"နည်းနည်းပါ... အဆင့်နှစ်ကတော့ အများကြီးပင်ပန်းတယ်တဲ့"
ပေါင်မုန့်ကို ချောကလက်သုတ်ခြင်းထဲစိတ်ရောက်နေသည့် ရိပေါ်က သူပြောတာကို နားထောင်လိုက်ပြန်ပြောလိုက်လုပ်နေပေမယ့် ပေါင်မုန့်ကိုတော့ အစားမပျက်။
"ကျွန်တော်ပင်ပန်းလည်း ကိုကိုရှိပေးမှာပေါ့"
"ဒါပေါ့ ဒါပေါ့ ရှိပေးရမှာပေါ့"
ဆံပင်ထူထူလေးတွေအပေါ် လက်တင်လို့ ပွတ်လိုက်သည်။ ဒီချစ်စရာကလေးကို အိပ်မက်ဆိုးတွေရန်က အမြန်ဆုံးလွတ်စေချင်နေပြီ။