Part~17

1.3K 68 6
                                    

                   မျှော်လင့်လွန်းရင် နာကျင်ရတတ်သတဲ့။ဒီlogicကြီးကိုဘယ်သူကများစထွင်ခဲ့ပါလိမ့်။မျှော်လင့်လွန်း၍ နာကျင်ရမည်ဆိုလျှင်လည်း ထိုလူကြောင့်သာနာကျင်ချင်သည်။ဒဏ်ရာဖြစ်ဖြစ် ဆေးဖြစ်ဖြစ် ထိုလူပေးသမျှယူမည်သာဖြစ်သည်။ထိုလူကသာ ပေးသူဖြစ်နေပါစေ။သေစေဆိုလျှင်လည်း ကျေကျေနပ်နပ်လည်စင်းပေးလိုက်မည်။

              မန်ကျည်းပင်ကြီး၏အရိပ်သည် အေးမြသော်ငြား သူ၏ရင်ထဲတွင်အလွန်ပူလောင်နေ၏။ထိုလူသား ကျောခိုင်းသွားသည့် အချိန်မှစ၍ မူလနေရာတွင်ပင် သူထိုင်နေဖြစ်ပါသည်။သူသိပ်မှားသွားပါသည်။"ကံကိုယုံ၍ ဆူးပုံမနင်းနဲ့"ဆိုသလို သူ့အားယုံ၍ ဆူးပုံသာမက ဓားပုံပါနင်းမိလေပြီ။အင်း ယုံကြည်ခဲ့မိသည်ပဲလေ။

              

               ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့။ကိုယ့်ကံဆိုတော့ သူကပဲဘာလို့ အမြဲတမ်းကံဆိုးနေရတာလဲ။ဘာလို့သူလဲ။ ဘာလို့သူ့ကိုမှလုပ်ရက်ရတာလဲ။သူ့ဘ၀အကြောင်း သူတွေး၍ ချုပ်တည်းထားသမျှငိုချမိသည်။ထိုအချိန်တွင် သူ့ရှေ့သို့ရောက်လာသော လက်ကိုင်ပဝါအဖြူလေးနှင့် လက်သွယ်သွယ်တစ်ဖက်။ဟိုလူတော့ ဟုတ်မည်မထင်ပါ။ထို့နောက် ကြည်လင်နေသော အသံတစ်ခုထွက်ပေါ်လာသည်။

"ထိန်းထားသမျှ ငိုချပစ်လိုက်ပါ။ပြီးရင် မျက်ရည်တွေသုတ်။ယောက်ျားဖြစ်ပြီးဘာလို့ငိုတာလဲလို့တော့ ကိုယ်မမေးဘူး။ယောက်ျားလည်း အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့ လူထဲကလူပါပဲ။စိတ်ကြိုက်ငိုခွင့်ရှိတယ်"

"ကျေးဇူးတင်ပါတယ် ခင်ဗျ"

             ကျေးဇူးတင်စကားပြောလိုက်ရင်း လက်ကိုင်ပဝါကိုလှမ်းယူကာ မျက်နှာကိုသေချာမော့ကြည့်လိုက်သည်။နက်မှောင်သောမျက်ခုံး စူးရှပြီးနွေးထွေးဟန်ရှိသောမျက်၀န်းညိုများ ပိရိသေသပ်သောမထူမပါးနှုတ်ခမ်းတစ်စုံ မေးရိုးကားကားနှင့် ဥပဓိရုပ်ခန့်ညားသော သူ့ထက်သုံးနှစ်ခန့်ကြီးမည့်ပုံရသော လူတစ်ယောက်။

"ကိုယ့်နာမည်က ရှေးခေတ်ဟန်၊ဒီရွာက ဆေးပေးခန်းမှာ တာ၀န်ထမ်းဆောင်မယ့် ဒေါက်တာရှေးခေတ်ဟန်"

ချစ်ခြင်းတည်စေWhere stories live. Discover now