Chapter 14 : Secret (B)

479 99 1
                                    

[ Zawgyi ]

.

သို့သော် ဖန့်ချူ ထိုစကားကို ကြားလိုက်ရချိန်မှာ နှလုံးခုန်သံတွေမြန်ဆန်လာရသည်။ ဘာလို့လဲဆိုတော့ သူက ခုနလေးတင်ဖြစ်ပျက်သွားခဲ့တာကို ရုတ်တရက် သတိရမိသွားလို့ပါပင်။ ထိတ်လန့်စရာတွေကြားမှာတင် ဝမ်ဖုန့်နဲ့ ပိုင်ရှောင်ရှန်းတို့က ပွေ့ဖက်နေခဲ့ကြပြီး သူတို့ ဖန့်ချူကို မြင်လိုက်တဲ့အခါမှာတော့ မြန်မြန်ဆန်ဆန်ပဲ ခွာသွားကြတယ်လေ... ဒါက သူတို့ရဲ့ အချစ်ရေးကို ဖော်ထုတ်လိုက်တာပဲမဟုတ်လား။

သူ ကျန်းဖေးယွီကို ကြည့်လိုက်ရင်း ဒီလူအတွက် မစာနာပဲ မနေနိုင်ခဲ့ကာ ကြည့်တဲ့အကြည့်တွေတောင် ပျော့ပြောင်းကုန်ပါတယ်။ ဝမ်ဖုန့်က သူ့မှာမိန်းမရှိနေလို့ ပိုင်ရှောင်ရှန်းကို crushရုံလေးပဲ crushပြီး ပိုင်ရှောင်ရှန်းရဲ့ ခံစားချက်တွေကို တုန့်ပြန်မှာမဟုတ်ဘူးလို့ ခများက ထင်တယ်ပေါ့.. ဒါပေမယ့် တကယ့်တကယ်ကျ သူတို့တွေ ကြိုက်နေခဲ့တာ အချိန်တော်တော်တောင် ကြာနေလောက်ပြီဗျ...

ကျန်းဖေးယွီကို ဒီရက်စက်တဲ့အဖြစ်မှန်အကြောင်း မပြောပြတာက အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ဖန့်ချူက ကျန်းဖေးယွီ ပုခုံးကို ပုတ်ပေးလိုက်သည်။

ဒါပေမယ့်... ဝမ်ဖုန့်နဲ့ ပိုင်ရှောင်ရှန်းတို့ အတူရှိနေခဲ့ကြတာဆိုရင်(ကြိုက်နေခဲ့ကြတာဆိုရင်) အဲ့ဒီ့အချိန် ချွေးယွီရှီက သူ့မိန်းမဖြစ်နေတုန်းပဲလား? သူသာ သူ့မိန်းမအပေါ် ဖောက်ပြန်တာဆိုရင် သူတို့အကြောင်းကို လူသိမခံရဲတာ အံ့ဩစရာမဟုတ်တော့ပါဘူး။

ဒါဆို ချွေးယွီရှီက ဒီအကြောင်းကို သိခဲ့ရဲ့လား...

ဖန့်ချူက မျက်မှောင်ကြုတ်လိုက်ရင်း မနက်က ဝမ်ဖုန့် အလုပ်နောက်ကျတာကို ပြန်တွေးကြည့်လိုက်သည်။ အထူးသဖြင့် သူ ဒီနေ့လို နောက်ကျတာက အလွန်ရှားပြီး အရမ်းလည်း အလျင်လိုနေပုံရသည်။ တိုက်ဆိုင်မှု များစွာက ဒီနေ့မှာ လာစုနေလေရဲ့။

သူ ရပ်တန့်သင့်နေပြီလို့ ဖန့်ချူခံစားမိပါသည်။ သူပဲ အတွေးလွန်နေတာ ဖြစ်လိမ့်မည်။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now