_ 15 _

4.2K 308 49
                                    

သူ့လက်တွေက ငါ့တင်ပါးတွေဆီကိုလာဆုပ်နယ်နေတော့ ငါခန္ဓာကိုယ်တစ်ခုလုံးကတွန့်ကြေနေ‌ေလသည်။  ငါဘယ်လောက်ထိတောင် အထိမခံဖြစ်နေလိုက်သလဲ ?။ ‌ဒါကိုသိတဲ့ သူ့ကငါရဲ့ဘောင်းဘီကြားထဲကို လက်တွေက တိုး၀င်နေတာ။ မဖြစ်ဘူး ခုနကလည်းရေအကြာကြီး ငါချိုးထားသေးတယ်။ အခုလည်းဒီပုံအတိုင်းဆို သေချာတယ် မနက်ကျရင်နေမကောင်းဖြစ်မှ။

" ကင်မ် ...တော်တော့ "

ငါ့သူ့ရင်ဘတ်ကိုအတင်းဆောင့်တွန်းလိုက်သည်။ မဟုတ်ရင် ဒင်းကငါ့ကိုလွှတ်ပေးမှ မဟုတ်ဘူး။ နမ်းယုံပဲလိုပြောပေမဲ့ ဒီအခြေအနေနဲ့ ဘယ်လိုမှ အနမ်းနဲ့တင်ရပ်မ‌ှမဟုတ်ဘူးဆိုတာ  သူ့သိနေတယ်လေ။  သူ့ကတော့ အလိုမကျဖြစ်သွားပေမဲ့  ငါကပဲအရင်ဦးအောင် သူ့ကိုပြောလိုက်တယ်။

" နမ်းယုံပဲ‌လို မင်း‌ေပြာထားတယ်လေ "

သူ့က ငါ့ကိုစိတ်မရှည်ဟန်နဲ့

" ဟုတ်တယ်နမ်းယုံပဲ "

သု့နောက်ထပ်တစ်ခါ ငါ့ခန္ဓာကိုယ်ကိုပွေ့ဖက်ပြီး ငါမျက်နှာတစ်ခုလုံးကို သူ့နူတ်ခမ်းတွေလည်းတောက်လျှောက်လိုက်နမ်းနေတာ။ ဒင်း ဘာဖြစ်နေတာလဲ ? ရူးနေတာလား ? ကောင်မလေးတွေနဲ့ မတွေ့ရသေးလိုလား ? ။ သူ့က ငါကိုဒီလိုတွေ လာလုပ်ရင် အဆင်မပြေဘူးလေ ?.။

" အရူးကောင် "

ငါသူ့ခြေဖျားကို တက်နင်းချလိုက်သည်။

" အား ...!"

အဲအော်သံရဲ့နောက်မှ သူ့ငါခန္ဓာကိုယ်တစ်ခုလုံးကိုမလွှတ်ပေးပဲ ဒီအတိုင်း အနမ်းပဲရပ်လိုက်တာ။

" ဘာလို သေမလိုနမ်းနေတာလဲ?"

ငါသူ့ခြေထောက်ကိုကန်လိုက်ပေမဲ့ သူ့ကအရှောင်မြန်သွားတာကမို့ မထိလိုက်ဘူး။

" အဲလိုနမ်းချင်လိုထိချင်လိုလက်ထပ်ထားတာပဲလေ ။ ဘာလဲ ခင်ဗျားကိုမထိပဲ အခြားလူကိုသွားထိရမလား ?  "

လက်နစ်ဖက်ကို ခါးမှာထောက်ပြီး ငါကိုပြောသည်။ ငါမျက်လုံးတွေက သူ့ရဲ့ အပေါ်ပိုင်းကနေကိုမရွေ့ရဲဘူး။

ကျွန်တော့် အမျိုးသား ခင်ဗျား _ Season 2Where stories live. Discover now